DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၂၅၆ ဦး တွေ့ရှိ၊ လူနာ ၁ ဦး ထပ်မံသေဆုံး
DVB
·
September 18, 2020
ကိုဗစ်-၁၉ လူနာသစ် ၂၅၆ ဦး တွေ့ရှိ၊ လူနာ ၁ ဦး ထပ်မံသေဆုံး
Donate to DVB

ဓာတ်ခွဲနမူနာ ၃,၅၅၄ ခုအား ဒုတိယသုတ်အဖြစ် စစ်ဆေးချက်အရ ကိုဗစ်-၁၉ လူနာသစ် ၂၅၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး လူနာ ၁ ဦး သေဆုံးခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူ ၆၁ ဦးနဲ့ အတည်ပြုလူနာ ၄,၂၉၉ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) က ၁,၆၉၄ ခု၊ ဆေးသုတေသနဦးစီးဌာနက ၁၁၁ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) က ၅၂၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) ၁၃၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (တောင်ကြီး) က  ၉၄ ခု၊ ပြည်မြို့  ပြည်သူ့ဆေးရုံကြီးက ၁ ခု၊ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးက ၇ ခု၊ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီးက ၁၆ ခု၊ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ က ၆၈၈ ခုနဲ့  အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀  က ၂၈၂ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၃,၅၅၄ ခုတို့အား ဒုတိယသုတ်အဖြစ် ထပ်မံ စစ်ဆေးပြီးစီးခဲ့ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၅၆ ဦးတွေ့ရှိခဲ့တာပါ။

တောင်ဥက္ကလာပ အထူးကုဆေးရုံကြီးမှာ ကုသနေတဲ့ အသက် ၇၁ အရွယ်အမျိုးသား လူနာအမှတ် ၃၇၃၈ ဟာ မနေ့ည ၁၁ နာရီ မိနစ် ၅၀ မှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။

မနေ့ညက ပထမသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၁,၇၃၀ ခုအား စစ်ဆေးရာမှာလည်း အတည်ပြုလူနာသစ်  ၁၄၈ ဦး တွေ့ရှိပြီး လူနာ ၃ ဦး ထပ်မံသေဆုံးခဲ့ပါတယ်။ 

ဒါကြောင့် စက်တင်ဘာ ၁၇ ရက်နေ့အတွက် ဓာတ်ခွဲနမူနာပေါင်း ၅၂၈၄ ခုအား စစ်ဆေးခဲ့ရာမှာ လူနာသစ် ၄၀၄ ဦး တွေ့ရှိပြီး လူနာ ၄ ဦး သေဆုံးခဲ့ပါတယ်။

 မြန်မာနိုင်ငံမှာ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄,၂၉၉ ဦး၊ သေဆုံးသူ ၆၁၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ  ၉၄၄ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၃၀၅ ဦးရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013