
ကချင်ပြည်နယ်အတွင်းမှာ လူစုလူဝေးနဲ့ ဥပုသ်သီလစောင့်တာ၊ ဝတ်ပြုဆုတောင်းတာ တွေကို ယာယီရပ်ဆိုင်းထားဖို့ ပြည်နယ်အစိုးရအဖွဲ့က တားမြစ်လိုက်ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက အကြောင်းကြားစာ ပေးပို့ခဲ့တဲ့အတွက် စက်တင်ဘာ ၁၆ ရက်နေ့ကစပြီး သက်ဆိုင်ရာ Church၊ ဗလီနဲ့ ဟိန္ဒူကျောင်း ဘုန်းတော်ကြီးကျောင်းတွေမှာ လူစုလူဝေးနဲ့ ဥပုသ်စောင့်တာ၊ ဆုတောင်းတာတွေ မပြုလုပ်ဖို့ ကချင်တပြည်နယ်လုံးကို ညွန်ကြားထားတယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ပြောပါတယ်။
အရင်က တစ်ပတ်ကို တစ်ရက် လူ ၃၀ ထက်မပိုပဲ ဝတ်ပြုဆုတောင်းခွင့်ကို ခွင့်ပြုခဲ့ပေမယ့် အခုချိန်မှာတော့ အဲဒီလိုစုဝေးခဲ့ရင် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။
အခုထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကချင်ပြည်နယ်အတွင်းက မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်၊ ပူတာအိုခရိုင် အသီးသီးကို အကြောင်းကြားစာ ပေးပို့ထားတယ်လို့ သိရပါတယ်။
သတင်း - မီးမီး










