DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှု ၁ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ခန့်မှန်း
DVB
·
September 15, 2020
မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှု ၁ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ခန့်မှန်း
Donate to DVB

၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီ တိုးတက်မှုနှုန်းဟာ ၁ ဒသမ ၈ ရာခိုင်နှုန်း ရှိမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ခန့်မှန်းထားပါတယ်။

အရှေ့တောင်အာရှနိုင်ငံအများစုရဲ့ ဂျီဒီပီက တိုးတက်မှုမရှိဘဲ လျော့ကျနိုင်ပေမဲ့ ၂၀၂၀ ခုပြည့်နှစ်  မြန်မာနိုင်ငံရဲ့ဂျီဒီပီ တိုးတက်မှုနှုန်းက ၁ ဒသမ၈ ရာခိုင်နှုန်းရှိမယ်လို့ ဒီနေ့ ထုတ်ပြန်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့အစီရင်ခံစာက ခန့်မှန်းထားတာပါ။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်  မြန်မာနိုင်ငံရဲ့ ဂျီဒီပီ  တိုးတက်မှုက ၆ ဒသမ ၈ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ ဂျီဒီပီ တိုးတက်မှုနှုန်းကလည်း  ၁ ဒသမ ၈ ရာခိုင်နှုန်းရှိမယ်ခန့်မှန်းထားပြီး ဘရူနိုင်းနိုင်ငံရဲ့  ဂျီဒီပီက ၁ ဒသမ ၄ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားတာပါ။

ဒါပေမဲ့ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံစတဲ့ အာဆီယံ ဒေသတွင်း နိုင်ငံတွေရဲ့ ဂျီဒီပီကတော့  လျော့ကျမယ်လို့ခန့်မှန်းထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါက ကမ္ဘာ့စီးပွားရေးဆောင်ရွက်မှုတွေကို ဆက်လက် ဟန့်တားနေတာကြောင့် ဖွံ့ဖြိုးဆဲ အာရှရဲ့ ဂျီဒီပီက ၂၀၂၀ ပြည့်နှစ်မှာ  ၀ ဒသမ ၇ ရာခိုင်နှုန်း လျော့ကျသွားမယ်လို့ ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ်မှာ ၆ ဒသမ ၈ ရာခိုင်နှုန်း တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုနှုန်းတွေ လျော့ကျခြင်းက နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုရဲ့ အကျိုးဆက်အဖြစ် စီးပွားရေး ထိခိုက်ပျက်စီးရာကနေ  စတင်ရုန်းထွက်မှုတွေကြောင့် လာမယ့်နှစ်မှာ စီးပွားရေး ပြန်နာလန်ထူလာလိမ့်မယ်လို့လည်း ADB ရဲ့ အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။

သတင်း-စိုးချစ်ပိုင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013