DVB Logo
Home
မြန်မာသတင်း
ဗကသ ကျောင်းသား ၂ ဦး ဖမ်းဆီးခံရ
DVB
·
September 13, 2020
ဗကသ ကျောင်းသား ၂ ဦး ဖမ်းဆီးခံရ
Donate to DVB

စက်တင်ဘာလအတွင်း ရခိုင်ပြည်သူတွေနဲ့အတူရပ်တည်တဲ့ စတစ်ကာကမ်ပိန်း ပြုလုပ်ခဲ့တယ်ဆိုပြီး ဗကသ ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုးနဲ့ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေး ဗျူရိုက ကိုပိုင်မင်းခန့်တို့ကို စက်တင်ဘာ ၁၂ ရက်နေ့  ည ၇ နာရီလောက်က မြောက်ဥက္ကလာနေအိမ်မှာ သက်ဆိုင်ရာက လာရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါအတွက် ဆေးစစ်မယ်ဆိုပြီး ခေါ်ရာကနေ အစိုးရကိုဆန့်ကျင်တယ်ဆိုပြီး လက်ကိုင်ဖုန်းတွေပါသိမ်းပြီး အကြမ်းဖက် ခေါ်ဆောင်သွားတယ်လို့  ဗကသအဖွဲ့ဝင် ကိုသူရလင်းက ပြောပါတယ်။ 

နေအိမ်ရှိ တခြားကျောင်းသားတွေက ဒီအဖြစ်အပျက်ကို ဖုန်းနဲ့ live လွှင့်တာကိုလည်း ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

လာရောက်ဖမ်းဆီးရာမှာ တိုင်းနဲ့ခရိုင်ရဲတွေ အပါအဝင် ရပ်ကွက်လူကြီးတွေ ၇ ယောက် ပါဝင်တယ်လို့  ပြောပါတယ်။ 

ကျောင်းသားနှစ်ဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုတဲ့ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ထားပြီး မရမ်းကုန်းရဲစခန်းမှာ သီးသန့်စီခွဲထားကာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်လို့ ဗကသ ဥက္ကဋ္ဌ ကိုသန့်ညီက ပြောပါတယ်။ 

ဖမ်းဆီးချုပ်နှောင်ထားခြင်းမရှိပေမဲ့ ခံဝန်ထိုးခိုင်းတာကိုတော့ ကျောင်းသားနှစ်ဦးစလုံးက ငြင်းဆန်ခဲ့သလို ညဆယ်နာရီနောက်ပိုင်းမှာတော့ ကျောက်တံတားရဲစခန်းကို ထပ်မံခေါ်ဆောင်သွားတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က သိရပါတယ်။ 

နွေလှိုင်း(YU)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013