DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း ပထမဆုံးအကြိမ် ညမထွက်ရ အမိန့်ထုတ်မည်၊ စစ်ဆေးရေးဂိတ် ၁၁ ခု တိုးချဲ့ ဖွင့်လှစ်
DVB
·
September 13, 2020
မကွေးတိုင်းအတွင်း ပထမဆုံးအကြိမ် ညမထွက်ရ အမိန့်ထုတ်မည်၊ စစ်ဆေးရေးဂိတ် ၁၁ ခု တိုးချဲ့ ဖွင့်လှစ်
1 / 2
Donate to DVB

မကွေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ စက်တင်ဘာ ၁၄ ရက်ကစပြီး ပထမဆုံးအကြိမ် ညမထွက်ရအမိန့် ထုတ်ပြန်မှာဖြစ်ပြီး ပူးပေါင်းစစ်ဆေးရေးဂိတ် ၁၁ ခုလည်း တိုးချဲ့ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်နိုင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေ၊ ကျန်းမာရေးဝန်ထမ်း၊ မီးသတ်၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေပါဝင်တဲ့ ပူးပေါင်းစစ်ဆေးရေးဂိတ် ၁၁ ခုထပ်မံ ဖွင့်လှစ်လိုက်တာလို့ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောပါတယ်။

အဖွဲ့စုံပူးပေါင်းစစ်ဆေးရေးဂိတ်တွေကတော့ မကွေးခရိုင်မှာ ၆ ခု၊ သရက်ခရိုင်မှာ ၂ ခု၊ ပခုက္ကူခရိုင်မှာ ၂ ခုနဲ့ ဂန့်ဂေါခရိုင်မှာ ၁ ခုတိုးချဲ့ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးတာတွေ၊ ခရီးသွားရာဇဝင်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မင်းဘူးခရိုင်ထဲမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ဆေးရေး ဂိတ် ၂ ခုတိုးချဲ့ဖွင့်လှစ်ခဲ့ပြီး ရခိုင်ပြည်နယ် ဝင်ပေါက်ဖြစ်တဲ့ ပျဉ်းဝပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ်တွေကို ကိုယ်ပူချိန်တိုင်းတာပေးပြီး အသေးစိတ် စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မကွေးတိုင်းအတွင်းမှာ စက်တင်ဘာလ ၁၄ ရက်နေ့ကစလို့ ပထမဆုံးအကြိမ် ညမထွက်ရ အမိန့်ထုတ်ပြန်မယ်လို့ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က ပြောပါတယ်။

ပြည်သူတွေ သွားရေးလာရေး၊ ခရီးသည်တင်ယာဉ်အဝင်အထွက်တွေအတွက် ကြိုတင်ပြင်ဆင်လို့ရအောင် ည ၁၂ နာရီ မနက် ၄ နာရီထိ ညမထွက်ရ အမိန့်ထုတ်ပြန်မှာလို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီကနေ စက်တင်ဘာ ၁၄ ရက်နေ့ကစလို့ ခရီးသည်တင်ယာဉ်တွေ တိုင်းကျော်သွားလာခွင့်ရပ်နားတာတွေ၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်တွေကိုလည်း ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့ ညွှန်ကြားချက် ထုတ်ထားပါတယ်။

KTV၊ အနှိပ်ခန်းတွေအပါအဝင် ကိုဗစ်-၁၉ စည်းကမ်းဖောက်ဖျက်တဲ့ အမှုပေါင်း ၅၀ ကျော်လောက် အရေးယူထားတယ်လို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

မကွေးတိုင်းအတွင်းမှာ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦးထိ တွေ့ရှိထားပြီး ၃ ဦးရောဂါပိုးကင်းစင်ကာ ၉ ဦးကတော့ ဆေးရုံတက်ရောက်ကုသနေတယ်လို့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013