DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၁၅၀ တွေ့ရှိ၊ လူနာ ၁ ဦး ထပ်မံသေဆုံး
DVB
·
September 12, 2020
ကိုဗစ်-၁၉ လူနာသစ် ၁၅၀ တွေ့ရှိ၊ လူနာ ၁ ဦး ထပ်မံသေဆုံး
Donate to DVB

ဓာတ်ခွဲနမူနာ ၂,၄၂၃ ခုအား ပထမသုတ်အဖြစ် စစ်ဆေးရာမှာ ကိုဗစ်-၁၉ လူနာသစ် ၁၅၀ ဦး တွေ့ရှိပြီး လူနာ ၁ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒီနေ့ည ၈ နာရီ ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ၁,၀၀၄ ခု၊ ဆေးသုတေသနဦးစီးဌာနက ၂၈၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၃၉၆ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က ၁၅၈ ခု၊ စစ်တွေမြို့  ပြည်သူ့ဆေးရုံကြီးက ၆၃ ခု၊ ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးက ၂၀ ခု၊ ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးက ၄ ခု၊ ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးက ၃ ခု၊ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးက ၁ ခု၊ ဗန်းမော်မြို့ ပြည်သူ့ဆေးရုံကြီးက ၂ ခု၊ ဟားခါးမြို့ပြည်သူ့ဆေးရုံကြီးက ၄ ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် ၁၀၀၀ က ၁၂ ခုနဲ့ အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်-၁၀၀၀ က ၄၇၀ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၂,၄၂၃ ခုအား ပထမသုတ်အဖြစ် စစ်ဆေးခဲ့ပြီး လူနာသစ် ၁၅၀ တွေ့ရှိခဲ့တာပါ။

 ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံနေတဲ့ အသက် ၇၀ နှစ်အရွယ် အမျိုးသားလူနာအမှတ် ၂၃၅၁ ဟာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက်ရှူလမ်းကြောင်းပျက်စီးပြီး  ဆီးချို၊ သွေးတိုးနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ အခံတို့နဲ့ နာတာရှည်ကျောက်ကပ်ပျက်စီးတာတို့ကြောင့် ဒီနေ့မနက် ၁၀ နာရီခွဲအချိန်က သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂,၅၉၅ ဦး၊ သေဆုံးသူ ၁၆ ဦး၊ ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးသူ ၆၇၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၂၃၁ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013