DVB Logo
Home
မြန်မာသတင်း
Mask မတပ်သူများကို YBS စီးခွင့်မပြု
DVB
·
September 12, 2020
Mask မတပ်သူများကို YBS စီးခွင့်မပြု
Donate to DVB

နှာခေါင်းစည်း Mask မတပ်တဲ့သူတွေကို စက်တင်ဘာ ၁၁ ရက်ကစပြီး YBS စီးခွင့်မပြုတော့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့  (YRTA) က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ဖို့အတွက် YBS ဘတ်စ်ကား စီးနင်းတဲ့အခါမှာ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) တွေ မဖြစ်မနေ တပ်ဆင်ရမှာဖြစ်ပြီး ကားတွေမှာလည်း “Mask မတပ်လျှင် ဘတ်စ်ကားစီးနင်းခွင့်မပြုပါ” ဆိုတဲ့ စတစ်ကာတွေ ကပ်ထားပါတယ်။

ရန်ကုန်မှာ ကိုဗစ်-၁၉ စဖြစ်ခါစက ဘတ်စ်ကားစီးသူ လျော့သွားခဲ့ပြီး ရောဂါတွေ့တာ လျော့လာတဲ့ အချိန်မှာ တရက်ကို လူ ၁၀ သိန်းကျော်အထိ ဘတ်စ်ကား ပြန်စီးလာခဲ့ပါတယ်။

အခု ဒုတိယလှိုင်းစပြီးနောက်မှာတော့ ပြန်လျော့သွားခဲ့တာကြောင့် စက်တင်ဘာ ၁၀ ရက်နေ့က လူဦးရေ ၇ သိန်းခွဲကျော်စီးနင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013