Mask မတပ်သူများကို YBS စီးခွင့်မပြု
DVB
·
September 12, 2020
နှာခေါင်းစည်း Mask မတပ်တဲ့သူတွေကို စက်တင်ဘာ ၁၁ ရက်ကစပြီး YBS စီးခွင့်မပြုတော့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ဖို့အတွက် YBS ဘတ်စ်ကား စီးနင်းတဲ့အခါမှာ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask) တွေ မဖြစ်မနေ တပ်ဆင်ရမှာဖြစ်ပြီး ကားတွေမှာလည်း “Mask မတပ်လျှင် ဘတ်စ်ကားစီးနင်းခွင့်မပြုပါ” ဆိုတဲ့ စတစ်ကာတွေ ကပ်ထားပါတယ်။
ရန်ကုန်မှာ ကိုဗစ်-၁၉ စဖြစ်ခါစက ဘတ်စ်ကားစီးသူ လျော့သွားခဲ့ပြီး ရောဂါတွေ့တာ လျော့လာတဲ့ အချိန်မှာ တရက်ကို လူ ၁၀ သိန်းကျော်အထိ ဘတ်စ်ကား ပြန်စီးလာခဲ့ပါတယ်။
အခု ဒုတိယလှိုင်းစပြီးနောက်မှာတော့ ပြန်လျော့သွားခဲ့တာကြောင့် စက်တင်ဘာ ၁၀ ရက်နေ့က လူဦးရေ ၇ သိန်းခွဲကျော်စီးနင်းခဲ့ပါတယ်။