DVB Logo
Home
မြန်မာသတင်း
ပဲခူး ပိုးတွေ့လူနာ ဖုန်းအော်ပရေတာ အမျိုးသမီးနှင့်ထိတွေ့ခဲ့သူများကို Quarantine ထားရှိ
DVB
·
September 12, 2020
ပဲခူး ပိုးတွေ့လူနာ ဖုန်းအော်ပရေတာ အမျိုးသမီးနှင့်ထိတွေ့ခဲ့သူများကို Quarantine ထားရှိ
1 / 2
Donate to DVB

ပဲခူးမြို့ ICON မှာ အလုပ်လုပ်တဲ့ တယ်လီဖုန်းအော်ပရေတာ ၀န်ထမ်းအမျိုးသမီးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့အတွက် ကလိဆေးရုံကို ပို့ဆောင်ကုသထားပြီး ထိတွေ့ခဲ့သူတွေကို ပဲခူးတက္ကသိုလ်မှာ Quarantine ၀င်ခိုင်းထားပါတယ်။

ကျန်းမာရေး၀န်ကြီးဌာနကနေ စက်တင်ဘာလ ၁၁ ရက်နေ့ည ၈ နာရီထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၁၅၇ ထပ်မံတွေ့ရှိတဲ့ထဲမှာ ပဲခူးမြို့က အတည်ပြုလူနာ ၁ ဦး ပါ၀င်ခဲ့တာပါ။

အခုတွေ့ရှိတဲ့ ပဲခူးမြို့က အတည်ပြုလူနာက ပဲခူးမြို့ နာရီစင်အနီး ICON အပေါ်ဆုံးထပ်မှာ အလုပ်လုပ်တဲ့ အသက် ၂၂ နှစ်အရွယ် တယ်လီဖုန်းအော်ပရောတာ အမျိုးသမီး၀န်ထမ်း ၁ ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ 

သူက စက်တင်ဘာ ၉  ရက်နေ့ကတည်းက အနံ့မရလို့ဆိုပြီး ကျန်းမာရေးဌာနကို အကြောင်းကြားတဲ့အတွက် ပဲခူးပြည်သူ့ဆေးရုံမှာ သံသယလူနာအဖြစ်ထားရှိကာ ဆေးကုသခံယူနေသူဖြစ် တယ်လို့ ပဲခူးမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်ရှိန်းက ပြောပါတယ်။

သူ အလုပ်လုပ်ခဲ့တဲ့ ICON ကိုလည်း စက်တင်ဘာ ၁၀ ရက်နေ့ကတည်းက ပိတ်ခိုင်းထားပြီး ပိုးသက်ဆေးဖျန်းတာတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

အဲဒီအမျိုးသမီး အလုပ်လုပ်တဲ့ ICON က တယ်လီဖုန်းအော်ပရေတာ ရုံးခန်းအတွင်းမှာ သူနဲ့အတူတူ လုပ်ဖော်ကိုင်ဖက် ၂ ဦးရှိတယ်လို့ ဆိုပါတယ်။

ပိုးတွေ့လူနာအဖြစ် အတည်ပြုလိုက်ပြီးနောက် မိဘတွေနဲ့ အတူအလုပ်လုပ်တဲ့ ၀န်ထမ်း ၂ ဦး၊ အလုပ်သွားအပြန် ကြိုပို့လုပ်ပေးတဲ့ ဆိုင်ကယ်သမားမိသားစု အပါအဝင် ၁၁ ဦးကို Home Quarantine ထားရာကနေ ပဲခူးတက္ကသိုလ်မှာ Facility Quarantine ဝင်ခိုင်းထားတယ်လို့  ပဲခူးမြို့နယ်ကျန်းမာရေးဦးစီးမှူးက ပြောပါတယ်။

အခု ပဲခူးမြို့က အတည်ပြုလူနာ အမျိုးသမီးနဲ့ပါဆို ပဲခူးတိုင်းအတွင်းမှာ ရောဂါပိုးတွေ့ရှိသူ ၅၁ ဦးထိရှိပြီး လက်ရှိအခြေအနေမှာ အားလုံးကျန်းမာရေးကောင်းမွန်ကြတယ်လို့ သိရပါတယ်။

သတင်း - အောင်စိုးမိုး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013