DVB Logo
Home
မြန်မာသတင်း
Project K အဖွဲ့ Asia Song Festival 2020 တွင် မြန်မာကိုယ်စားပြု ဖျော်ဖြေမည်
DVB
·
September 11, 2020
Project K အဖွဲ့ Asia Song Festival 2020 တွင် မြန်မာကိုယ်စားပြု ဖျော်ဖြေမည်
Donate to DVB

       နှုတ်ခမ်းနီမလေးတို့ အသည်းစွဲ မြန်မာကေပေါ့ပ်တေးဂီတအဖွဲ့တဖွဲ့ဖြစ်တဲ့ Project K က Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွား ရောက်ဖျော်ဖြေကြဖို့ ရှိနေပါတယ်။

       ဒီအကြောင်းနဲ့ ပတ်သက်ပြီး သူတို့အဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်မှတဆင့် ပရိသတ်တွေကို ခုလိုအသိပေးမျှဝေထားခဲ့တာ ဖြစ်ပါတယ်။

“ကျနော်တို့ Project K အနေနဲ့ အခုလာမဲ့ စက်တင်ဘာ ၁၄ ရက်နေ့ကနေစပြီး ကိုရီးယားမှာ Training သွားရောက်ရမှာဖြစ်ပြီးတော့ Training ပြီးသွားသည့်အခါတွင် လည်း Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဖျော်ဖြေသွားရမှာ ပါ 🇲🇲🇰🇷… ဒီအကြောင်းတွေကို ကျနော်တို့သိခဲ့တာကြာခဲ့ပေမဲ့ Covid ကြောင့် အခြေအ နေတွေကို အတိအကျမသိသေးလို့ မကြေငြာပေးဖြစ်ခဲ့တာပါ ... အခုတော့ အားလုံး Confirm ဖြစ်သွားပါပြီ ... 😇 Asia Song Festival 2020 မှာ မြန်မာနိုင်ငံကိုယ်စားပြု အ နေနဲ့ ဖျော်ဖြေရာမှာလည်း အတတ်နိုင်ဆုံး ကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ကြိုးစား ဖျော်ဖြေသွားပါ့မယ် ... ပြီးတော့ Training ကာလတွေမှာလဲ အတတ်နိုင်ဆုံး ကြိုးစား သင်ယူသွားပါ့မယ် ခင်ဗျာ”

မြန်မာကေပေါ့ပ်တေးဂီတအဖွဲ့ Project K ကို ကိုရီးယားနိုင်ငံမှာ လေ့ကျင့် သင်ကြားပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သမ္မတမွန်းကို တောင်းဆိုခဲ့တယ်လို့  ကိုရီးယားနိုင်ငံအခြေစိုက် arirang.com သတင်းမှာ ဖော်ပြခဲ့ဖူးပါ တယ်။

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ  အာဆီယံ-ကိုရီးယားထိပ်သီးအစည်းအဝေးနဲ့ ပထမအကြိမ် မဲခေါင်-ကိုရီးယားထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ တောင်ကိုရီးယား နိုင်ငံမှာ ရောက်ရှိစဉ်  ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၆ ရက်က တောင်ကိုရီးယားသမ္မတ မွန်း ဂျေအင်းနဲ့ တွေ့ဆုံချိန်မှာ ခုလိုပြောခဲ့တာ ဖြစ်ပါတယ်။

မွန်းဂျေအင်းကတော့ Project K အဖွဲ့ကို ပြုစုပျိုးထောင်တာဟာ နှစ်နိုင်ငံကြား ပိုမိုအားကောင်းတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုရဲ့သင်္ကေတဖြစ်လာစေမှာ ဖြစ်ပြီး ထောက်ပံ့ ကူညီပေးမှုတွေ လုပ်ဆောင်သွားဖို့ ကတိပေးခဲ့တာပါ။

       မိန်းကလေးပရိသတ်တွေ အများစု အားပေးမှု အခိုင်အမာရရှိထားတဲ့ Project K အဖွဲ့ဟာ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့ စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှုတွေနဲ့အတူ နာမည်ကြီးလာခဲ့တာပါ။

၂၀၁၈ ခုနှစ်မှာတော့ သူတို့အဖွဲ့ဟာ The Beginning အမည်နဲ့ တေးအယ်လ်ဘမ် တချပ် ထွက်ရှိထားပြီး Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေ လင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။

နောက်ပိုင်းမှာလည်း Project K အနေနဲ့ ပြည်တွင်း ပြည်ပဖျော်ဖြေပွဲတွေ များစွာ မှာ ပါဝင်ဖျော်ဖြေခဲ့ကြပြီး ပရိသတ်အားပေးမှုတွေ အခိုင်အမာ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကတော့ သူတို့အဖွဲ့ရဲ့ Stay Strong အမည်ရ မြူးဇစ်ဗီဒီယို တပုဒ် ထွက်ရှိထားခဲ့ပါတယ်။

သိပ်မကြာသေးခင်ကလည်း Project K အဖွဲ့ဟာ သဘင်ပညာရှင် မင်းသား ဟန်ဇာမိုးဝင်း၊ တင်မောင်ဆန်းမင်းဝင်းတို့နဲ့ တွဲဖက်ကာ  မိုးရာသီသဘင်ပွဲတော်မှာ ပါဝင်ဖျော်ဖြေခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013