DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်ရိုက်ကူးရေးကအပြန် နေအိမ်တွင် Self-Quarantine လုပ်နေကြသည့် Project K အဖွဲ့
DVB
·
March 25, 2020
ဘန်ကောက်ရိုက်ကူးရေးကအပြန် နေအိမ်တွင် Self-Quarantine လုပ်နေကြသည့် Project K အဖွဲ့
Donate to DVB

ဆယ်ကျော်သက်နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ နာမည်ကြီး မြန်မာကေပေါ့ပ်အကအဖွဲ့ Project K ဟာ ထိုင်းနိုင်ငံ ဘန်ကောက်ရိုက်ကူးရေးက ပြန်လာအပြီး ရန်ကုန်မှာ သူတို့ကိုယ်တိုင် နေအိမ်မှာ ၁၄ ရက် Self-Quarantine အသွားအလာကန့်သတ်လုပ်နေကြတယ်လို့ သိရပါတယ်။

       မတ်လ ၂၃ ရက်နေ့ညပိုင်းက သူတို့အဖွဲ့ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှု ကွန်ရက်စာမျက်မှာပေါ်မှာတော့ ခုလိုဖော်ပြထားတာပါ။

       “ကျွန်တော်တို့ Project K အဖွဲ့ Bangkok မှာရိုက်ကူးရေးတွေပြီးလို့ အခု မြန်မာပြည်ကို ဘေးကင်းစွာနဲ့ပြန်ရောက်နေပါပြီ... သို့ပေမဲ့ ပိုပြီး စိတ်ချရအောင် ကျွန်တော်တို့ ဟာ ကျွန်တော်တို့ self-quarantine လုပ်သွားမှာပါ”

       လူငယ်ကေပေါ့ပ်ပရိသတ်တွေကြားမှာ ရေပန်းစား လူသိများတဲ့ မြန်မာကေပေါ့ပ် အကအဖွဲ့ Project K ဟာ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယဆုကို ဆွတ်ခူး နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှုတွေနဲ့ အတူ နာမည်ကြီးလာခဲ့တာပါ။

လက်ရှိမှာတော့ သူတို့အဖွဲ့ဟာ The Beginning အမည်နဲ့ တေးအယ်လ်ဘမ်တချပ် ထွက်ရှိထားပြီး Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။

       နေအိမ်မှာ Self-Quarantine လုပ်ရတဲ့အကြောင်းနဲ့ ပတ်သက်ပြီးတော့လည်း သူ တို့က ခုလိုဖော်ပြထားခဲ့ပါသေးတယ်။

“ဒီလိုလုပ်ရခြင်းဟာ (၁) ကျွန်တော်တို့မှာသာ ပိုးပါခဲ့ရင် အသက်အရွယ်ရနေပြီဖြစ်တဲ့ ကျွန်တော်တို့ မိဘတွေက အရင်ဦးဆုံးကူးစက်ခံရမှာပါ။ (၂) အဲ့နောက်မှာတော့ ကျွန်တော်တို့နဲ့ နီးစပ်ရာပတ်ဝန်းကျင်ကနေတစ်ဆင့် တစ်နိုင်ငံလုံး ကူးစက်သွားနိုင်ပါတယ်။ (၃) အဆိုးရွားဆုံးက ကိုယ့်ကြောင့်ကိုယ့်ဟာကိုယ်ဒုက္ခရောက်တာဘာမှမဖြစ်ပေမဲ့ ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့မိသားစုနဲ့ တိုင်းသူပြည်သားတွေဒုက္ခရောက်ရတယ်ဆိုရင် သေသည့်တိုင်အောင် စိတ်ဖြောင့်မှာမဟုတ်လို့ပါ ကျွန်တော်တို့လိုပဲ ပြည်ပက ပြန်လာကြတဲ့သူတွေအားလုံးလဲ လိုက်နာဆောင်ရွက်စေချင်ပါတယ်ဗျ”

       လတ်တလော မြန်မာနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ ၃ ဦးရှိပြီး စောင့်ကြည်/သံသယလူနာဦးရေ စုစုပေါင်း ၂၃၈ ဦး ရှိနေပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013