DVB Logo
Home
Lead Story
ဟဲလေးနှင့် Project K အဖွဲ့ သီချင်းသစ်-“ဆော်နဲ့ပြတ်သွားတယ်” ထွက်ရှိမည်
DVB
·
January 19, 2021
ဟဲလေးနှင့် Project K အဖွဲ့ သီချင်းသစ်-“ဆော်နဲ့ပြတ်သွားတယ်” ထွက်ရှိမည်
Donate to DVB

ပရိသတ်အချစ်တော် နာမည်ကြီး အဆိုတော်တွေ ဖြစ်ကြတဲ့ ဟဲလေးနဲ့ Project K အဖွဲ့တို့ သီဆိုထားကြတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာဖို့ ရှိနေပါတယ်။

“ဆော်နဲ့ပြတ်သွားတယ်” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ဟဲလေးနဲ့အတူ Project K အဖွဲ့ထဲက မင်းခန့်ဟိန်းတို့က အတူရေးဖွဲ့ထားခဲ့ကြတာဖြစ်ပါတယ်။

ခပ်မြူးမြူး သီချင်းဖန်တီးမှုတွေ ဖန်တီးသီဆိုလေ့ရှိတဲ့ ဟဲလေးဟာ ဂီတလောကမှာ ဆယ်စုနှစ်နဲ့ချီ ဖြတ်သန်းခဲ့ပြီးဖြစ်ကာ အောင်မြင်တဲ့ တကိုယ်တော် တေးအယ်လ်ဘမ် တွေ၊ အတွဲတေးအဘ်လ်ဘမ်တွေများစွာမှာ ပါဝင်သီဆိုခဲ့သူ ဖြစ်ပါတယ်။

“မင်းမသိတဲ့အချစ်” ၊ “အချစ်ပျောက်သွားသူ” တကိုယ်တော် တေးအယ်လ်ဘမ် တွေကစလို့ နောက်ပိုင်း အဆိုတော်ပေါင်းများစွာနဲ့ တွဲဖက်သီဆိုခဲ့တဲ့ “ရင်ခုန်နှုန်း ၁၄” ၊ “နေရာအနှံ့”၊ “ဝါရင့်သမ္ဘာရင့်”၊ “ချောကလက်မှိုတက်ညိုပြာညက်”၊ “ဒယ်ဒီဟဲလေး” စတဲ့ တေးအယ်လ်ဘမ်တွေ ဟာလည်း ပရိသတ်တွေ ရင်ထဲရောက်ရှိခဲ့ တဲ့ တေးအယ်လ် ဘမ်တွေ ဖြစ်ခဲ့တာပါ။

သူ့သီချင်းတွေထဲက မြူးကြွတဲ့ သင်္ကြန်သီချင်းတွေဟာလည်း ထင်ရှားသလို ဆန်းသစ်တဲ့ စကားလုံးတွေနဲ့ ခေတ်ကိုထင်ဟပ်စေတဲ့ ရေးဖွဲ့မှုတွေနဲ့ သီချင်းတွေကလည်း ရေ ပန်းစားသီချင်းတွေ ဖြစ်နေခဲ့တာပါ။

မိန်းကလေးပရိသတ်တွေ အများစု အားပေးမှု အခိုင်အမာရရှိထားတဲ့ Project K အဖွဲ့က တော့ အမျိုးသား လူငယ် ၇ ယောက်နဲ့ ဖွဲ့ စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

သူတို့အဖွဲ့ဟာ ၂၀၁၆ ခုနှစ်က ကိုရီးယာနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Seoul K-Pop International Cover Dance မှာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ ပြီး ဒုတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ မြန်မာအကနဲ့ ကိုရီးယားအက ပေါင်းစပ်တီထွင် သရုပ်ဖော်ကပြမှု တွေနဲ့အတူ နာမည်ကြီးလာခဲ့တာပါ။

၂၀၁၈ ခုနှစ်မှာတော့ သူတို့အဖွဲ့ဟာ The Beginning အမည်နဲ့ တေးအယ်လ်ဘမ် တချပ် ထွက်ရှိထားပြီး Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်၊ မင်းခန့်ဟိန်းတို့ ပါဝင်ပါတယ်။

နောက်ပိုင်းမှာလည်း Project K အနေနဲ့ ပြည်တွင်း ပြည်ပဖျော်ဖြေပွဲတွေ များစွာမှာ ပါဝင်ဖျော်ဖြေခဲ့ကြပြီး ပရိသတ်အားပေးမှုတွေ အခိုင်အမာ ရရှိထားခဲ့ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ သူတို့အဖွဲ့ဟာ အာရှဒေသတွင်း Asia Song Festival 2020 မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သွားရောက်ဖျော်ဖြေခဲ့ကြပါသေးတယ်။

ခုတခါမှာတော့ ဟဲလေးနဲ့ Project K အဖွဲ့ ဘယ်လိုထူးခြားတဲ့ ပေါင်းစပ်ဖန်တီးမှု တွေနဲ့ ထွက်ရှိလာမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒီသီချင်းမြူးဇစ်ဗီဒီယိုကိုတော့ V7 Entertainment က လာမယ့် ဇန်နဝါရီ ၂၃ ရက်နေ့မှာ တင်ဆက်ပေးသွားမယ်လို့ ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013