DVB Logo
Home
မြန်မာသတင်း
ခရီးကြမ်းကို ခြေလျင်ဖြတ်သန်းနေရသည့် ဝေးလံဒေသ ခေါင်လန်ဖူးက ဆရာမလေးများ
DVB
·
September 11, 2020
ခရီးကြမ်းကို ခြေလျင်ဖြတ်သန်းနေရသည့် ဝေးလံဒေသ ခေါင်လန်ဖူးက ဆရာမလေးများ
1 / 7
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်မှာ တာ၀န်ကျတဲ့ ကျောင်းဆရာ၊ ဆရာမတွေဟာ  မိမိတာ၀န်ကျနေတဲ့ ကျေးရွာဒေသတွေကို သွားရာမှာ လမ်းပန်းဆက်သွယ်ရေး အခက်ခဲများစွာ ရင်ဆိုင်နေရတယ်လို့  ခေါင်လန်ဖူးမြို့နယ်မှာ တာ၀န်ကျတဲ့ ပညာရေး ၀န်ထမ်းတွေက  ပြောပါတယ်။

ခုလက်ရှိ အစိုးရအနေနဲ့ လမ်းဖောက်လုပ်နေပေမဲ့ ခေါင်လန်ဖူးမြို့ကို မရောက်သေးဘဲ ခေါင်လန်ဖူးမြို့ကနေပြီးမှ ခြေကျင်သွားရတဲ့ ကျေးရွာတွေမှာ တာ၀န်ကျတဲ့ ကျောင်းဆရာ / ဆရာမ တွေ လမ်းပန်းဆက်သွယ်ရေး အခက်ခဲများစွာ တွေ့ကြုံနေပါတယ်။ 

ပူတာအိုခရိုင် ပညာရေးမှူးဦးခဲမိုင်းက“ ရီးဒမ်းရွာမှ ခေါင်‌လန်ဖူးမြို့ကို ဆိုယ်ကယ်ကယ်ရီရှိပေမဲ့ ကယ်ရီခက ၈၀,၀၀၀ ကျပ်တောင်းနေတော့ ဆရာ ၊ ဆရာမတွေက မတတ်နိုင်၊ မစီးနိုင်ကြလို့ ခြေလျင်နဲ့သာ သွားနေကြတာပါ”လို့ ပြောပါတယ်။

ခေါင်လန်ဖူးမြို့ကနေပြီးမှ ၇ ရက်လမ်းလျှောက်ပြီး  တာ၀န်ထမ်းဆောင်နေကြတဲ့ ဆရာ၊ ဆရာမတွေ လမ်းခရီး အခက်ခဲပိုပြီး  တွေ့ကြုံနေရတယ်လို့လည်းပြောပါတယ်။ 

ခေါင်လန်ဖူးမြို့နယ် ဒီးလာဝါဇီရွာမှာ တာ၀န်ကျတဲ့ ကျောင်းဆရာမတစ်ဦးကလည်း "ခေါင်လန်ဖူးလမ်းက ၃ မိုင်ဆို နေ့တစ်၀က် လမ်းလျှောက်ရပါတယ်။ လမ်းကလည်း လားသွားတဲ့လမ်းဆိုတော့ ရွှံ့တွေပဲလေ။ တုတ်ထောက်နဲ့ပဲ သွားရပါတယ်။ ကားလမ်းတော့ ဖူးလုံးအထိပေါက်တယ်။ ဖူးလုံးကနေ ခေါင်လန်ဖူးမြို့ကို ၂ ရက် လမ်းလျှောက်ရပါတယ်။ ပြီးတော့ စားသောက်ရေးလည်း အရမ်းအခက်ခဲဖြစ်နေပါတယ်။ ဒီမှာ ဘီစကွတ်မုန့် ၅၀၀ ကျပ်တန်ကို ခေါင်လန်ဖူးမှာက ၇၀၀၀ ကျပ်ပေးရတယ်။ ဆန်တစ်အိတ်ဆိုလည်း ၁ သိန်းခွဲရှိနေတော့ စားသောက်ရေးလည်း အခက်ခဲဖြစ်နေတယ်။ ဒါကြောင့် တာ၀န်ရှိတဲ့အစိုးရတွေအနေနဲ့ လမ်းပန်းဆက်သွယ်ရေးကို အမြန်ဆုံး ဆောက်လုပ်ပေးစေချင်ပါတယ်"လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်လောက်က အတာတော်ရွာမှာ တာ၀န်ကျဖူးတဲ့ ဆရာမတစ်ဦးကတော့ "ကျမတို့ စားနပ်ရိက္ခာ၊ အ၀တ်အစားတွေအားလုံးကို ကိုယ်တိုင်ထမ်းပြီး ပူတာအိုမြို့ကနေ ခေါင်လန်ဖူးမြို့ထိ ၆ ရက် ခြေလျင်နဲ့ သွားခဲ့ရတာပါ။ ခေါင်လန်ဖူးမြို့ကနေပြီးမှ တာ၀န်ကျတဲ့ အတာတော်ရွာထိ နောက်ထပ် သုံးရက် သွားခဲ့ရပါတယ်၊ ပြီးတော့ လစာသွားထုတ်မယ်ဆိုလည်း ၃ ရက် ခြေလျင်နဲ့ ခေါင်လန်ဖူးမြို့ကိုသွားပြီး ထုတ်ခဲ့ရပါတယ်။ ကျန်းမာရေးကဏ္ဍဆိုလည်း ဆေးခန်းက မရှိဘူးလေ။ ကျန်းမာရေး၀န်ထမ်းတွေလည်း မထိုင်ဘူးဆိုတော့ အရေးအကြောင်း ဖြစ်လာရင် အသက်ပါဆုံးရှုံးခဲ့တဲ့သူတွေ ကိုယ့်မျက်စိရှေ့မှာတင် ရှိခဲ့ပါတယ်။ ဒီလိုအခက်ခဲကို နောင်လာမယ့်သူတွေ မခံစားရလေအောင် တာ၀န်ရှိတဲ့ သူတွေအနေနဲ့ ပညာရေး၊ ကျန်းမားရေးကဏ္ဍတွေမှာ လစ်ဟာမှုမရှိအောင် စီစဉ်ဆောင်ရွက်ပေးစေချင်ပါတယ်" လို့ ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုနဲ့ ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်ချက်တွေကြောင့်  ဝေးလံဒေသဖြစ်တဲ့ ခေါင်လန်ဖူးမြို့နယ်မှာ တာ၀န်ကျတဲ့ ပညာရေး ၀န်ထမ်း နှစ်ဦး သေဆုံးခဲ့ရဖူးပါတယ်။

NZသတင်း - ဖေနောင်းအောင် (ပူတာအို)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013