Home
မြန်မာသတင်း
မကွေးတိုင်းအတွင်း မြို့အဝင်အထွက်ဂိတ်များကို တင်းကြပ်စစ်ဆေးမည်
DVB
·
September 11, 2020
119032525_2413620745606039_4637539871799011679_o
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့  မကွေးတိုင်းဒေသကြီး မြို့အားလုံးမှာ ရှိတဲ့ အဝင်အထွက်ဂိတ်တွေကို စက်တင်ဘာ ၁၁ ရက်နေကစလို့ အသေးစိတ် စစ်ဆေးတော့မယ်လို့ တိုင်းဒေသကြီးလုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန ကနေ သိရပါတယ်။ မကွေးတိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန တိုင်းဦးစီးမှူး ဦးသိန်းဟန်က ခရိုင်တွေ၊ မြို့နယ်တွေမှာရှိတဲ့ ဂိတ်အားလုံးမှာ ကုန်ကား၊ ခရီးသည်တင်ယာဉ်၊ အိမ်စီးကားက အစ ခရီးသွားရာဇဝင်တွေကို အသေးစိတ် စစ်ဆေးတာတွေ လုပ်ဆောင်တော့မယ်လို့ ပြောပါတယ်။ "ပြီးခဲ့တဲ့ ကိုဗစ်ပထမလှိုင်းအတွေ့ကြုံအရ ခရီးသည်တင်ယာဉ်လိုင်းတွေကို  ရပ်နားတာမျိုး လုပ်ဆောင်ရင် ခရီးသွားပြည်သူတွေအနေနဲ့ ရရာနည်းလမ်းနဲ့ ဝင်ရောက်လာမှာဖြစ်လို့ မော်တော်ယာဉ်လိုင်းတွေကို  ရပ်နားထားဖို့ အစီအစဉ် မရှိသေးဘူး" ပြီးခဲ့တဲ့ရက်တွေကတော့ ရခိုင်ပြည်နယ်အဝင်ပေါက်ဖြစ်တဲ့ ပျဉ်းဝစစ်ဆေးရေးဂိတ်မှာသာ အသေးစိတ်စစ်ဆေးတာတွေ လုပ်ဆောင်ပေးခဲ့ပြီးတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ထပ်တွေ့တာ ကြောင့် အခုလို လုပ်ဆောင်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ မကွေးတိုင်းဒေသကြီးအတွင်းကို ရန်ကုန် နဲ့ ရခိုင်ပြည်နယ်  Stay at Home သတ်မှတ်ထားတဲ့မြို့နယ်တွေက လာရောက်မယ်ဆိုရင် ကွာရန်တင်း ၁၄ ရက်ဝင်ကာ မိမိစရိတ်နဲ့ ဓာတ်ခွဲနမူနာ စစ်ဆေးပြီးတော့ ရောဂါပိုးမတွေ့ရှိပါက နေအိမ်(သို့မဟုတ်)  ကွာရင်တင်း စင်တာမှာ ၇ ရက်နေပြီးမှ သွားလာခွင့်ပြုမှာဖြစ်တယ်လို့ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီကနေ သိရပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024