DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် ရန်ကုန်ကလာသူများကို ကွာရန်တင်းထားသဖြင့် အုပ်ချုပ်ရေးမှူး အရိုက်ခံရ
DVB
·
September 11, 2020
မိတ္ထီလာတွင် ရန်ကုန်ကလာသူများကို ကွာရန်တင်းထားသဖြင့် အုပ်ချုပ်ရေးမှူး အရိုက်ခံရ
Donate to DVB

မိတ္ထီလာမြို့မှာ ရန်ကုန် လှိုင်သာယာကနေ  လာသူတွေကို အောင်ဇေယျာ အထက်တန်းကျောင်းခွဲမှာ ကွာရန်တင်းထားပြီး ကိုဗစ်-၁၉ ပိုးတွေ့တာကြောင့် မထားစေချင်သူ တွေက အုပ်ချုပ်ရေးမှူးကို ထိုးကြိတ်ရိုက်နှက်ခဲ့လို့ မနေ့က အမှုဖွင့်ထားရတယ်လို့  မိတ္ထီလာအမှတ် ၂ ရဲစခန်းက သိရပါတယ်။

မိတ္ထီလာအမှတ် (၂)ရဲစခန်း တာဝန်ကျရဲအရာရှိ တစ်ဦးက  "ဟုတ်ပါတယ် အမှုဖွင့်ထားပါတယ်။ အုပ်ချုပ်ရေးမှူးကတော့ မိတ္ထီလာဆေးရုံမှာပါ"လို့  ပြောပါတယ်။

လှိုင်သာယာ မီးခွက်စျေးနားမှာ နေထိုင်တဲ့ မိသားစု ၃ ဦးဟာ  မိတ္ထီလာမှာ အလှူလုပ်ဖို့ ရောက်ရှိနေတာဖြစ်ပြီး ရန်ကုန်ကလာသူတွေဖြစ်လို့  ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ငွေက အောင်ဇေယျာ အထက်တန်းကျောင်းခွဲမှာ Quarantine ထားခဲ့ပြီး  စက်တင်ဘာ ၉ ရက်နေ့မှာ လှိုင်သာယာက လာသူတွေမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိတယ်လို့  မြို့နယ်အုပ်ချုပ်ရေးရုံးက  အကြောင်းကြားပါတယ်။ 

အဲဒါကြောင့် မိတ္ထီလာဆေးရုံကို ပြောင်းရွေ့ထားဖို့ စီစဉ်နေစဉ် မကျေနပ်တဲ့ ဒေသခံ မင်းမင်းစိုးအပါအဝင် ၄ ဦးဟာ အောင်ဇေယျာအထက်တန်းကျောင်းခွဲရှေ့ ရောက်ရှိလာပြီး အုပ်ချုပ်ရေးမှူးနဲ့ အပြန်အလှန်စကားပြောဆိုကြရင်း မင်းမင်းစိုးက စတင် ဆဲဆိုပြီး လက်သီးနဲ့ ထိုးတဲ့အတွက် ကျန်သူတွေကပါ ဝိုင်းဝန်းထိုးကြိတ်ကြတယ်လို့ ရဲစခန်းမှာ တိုင်ချက်ပေး အမှုဖွင့်ထားပါတယ်။

အောင်ဇေယျာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်ငွေ (၆၈နှစ်)မှာ သွား ၄ ချောင်းနဲ့တဲ့ ဒဏ်ရာ ၊ လက်သန်းနဲ့ ဦးခေါင်း  ပါးတို့မှာ ဖူးရောင်နေပါတယ်။

မိတ္ထီလာအမှတ် (၂)ရဲစခန်းက မင်းမင်းစိုးအပါအဝင် ၄ ဦးကို အမြင့်ဆုံးပြစ်ဒဏ် ထောင် ၃ နှစ် အထိ ပြစ်ဒဏ်ချနိုင်တဲ့ နာကျင်အောင်ပြုလုပ်ပြီး အလုပ်ဝတ္တရားနှောက်ယှက်မှု၊ ဆဲဆိုမှု၊ အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၃၃၂/၂၉၄/၁၁၄ တို့နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013