DVB Logo
Home
မြန်မာသတင်း
ရန်ကုန် Stay At Home မြို့နယ်များ၌ လူအဝင်အထွက်စစ်ဆေး၊ ကျန်းမာရေးနှင့် အလုပ်ကိစ္စဖြင့်သာ ဝင်ခွင့်ပြုမည်
DVB
·
September 11, 2020
ရန်ကုန် Stay At Home မြို့နယ်များ၌ လူအဝင်အထွက်စစ်ဆေး၊ ကျန်းမာရေးနှင့် အလုပ်ကိစ္စဖြင့်သာ ဝင်ခွင့်ပြုမည်
Donate to DVB

ရန်ကုန် Stay At Home မြို့နယ်တွေက လမ်းမကြီးတွေကလွဲပြီး လမ်းသွယ်တွေကို ကူးလူးသွားလာရာမှာ အကြောင်းကိစ္စမရှိတဲ့ လူစိမ်းတွေ အဝင်မခံဘဲ လူဝင်လူထွက်တွေကို စိစစ်နေတယ်လို့   မြို့နယ်ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေက ပြောပါတယ်။

ပြည်တွင်းကူးစက်လူနာ စံချိန်တင်မြင့်တက်လာပြီးတဲ့နောက်မှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက တစ်နိုင်ငံလုံး ပြည်တွင်း ခရီးသွားလာမှုကို စက်တင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းက စတင် တားမြစ်ကန့်သတ်လိုက်ပါတယ်။

ဒီနောက် ရန်ကုန်က နေအိမ်တွင်းနေထိုင်ရေး Stay At Home အစီအစဉ်မှာပါတဲ့ ပိုးတွေ့လူနာတွေများတဲ့ ၂၈ မြို့နယ်မှာနေထိုင်တဲ့သူတွေကို ကိုယ်နေတဲ့ရပ်ကွက်တွေကနေ ကျန်းမာရေးကိစ္စနဲ့ တခြားအရေးအကြောင်းကိစ္စမရှိဘဲ အပြင်ထွက်ခွင့်မပေးတော့ပါဘူး။

တောင်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်က "ထောက်ခံစာတွေ ပါရင်တော့ရပါတယ်။ လူစိမ်းအဝင်မခံတာတော့ မဟုတ်ပါဘူး။ အဓိကတော့ ဒီရပ်ကွက်ထဲ ဘာဖြစ်လို့ လာတာလဲ။ လုပ်ငန်းရှိလို့လား။ လုပ်ငန်းရှိရင် လက်ခံပေးရမှာပေါ့။ စီးပွားရေးကိစ္စနဲ့ဆိုလည်း ရပါတယ်။"လို့  ပြောပါတယ်။

ပြည်တွင်းကူးစက်မှုကို ထိန်းချုပ်နိုင်အောင် အခု ၁၄ ရက်လောက်ကို အသွားအလာ ကန့်သတ်တာဖြစ်ကြောင်း Stay At Home ကို ဖိဖိစီးစီးလုပ်လိုက်ရင် ကူးစက်မှုနှုန်း ပြန်ကျသွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်သွားနိုင်ပြီဖြစ်သလို ရန်ကုန်ကိုလည်း  မထိန်းချုပ်နိုင်စရာ မရှိဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် ။

ပြည်သူတွေအနေနဲ့ ကျန်းမာရေးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်းကို လိုက်နာဆောင်ရွက်ဖို့ အရေးကြီးတယ်လို့လည်း  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က မနေ့ညက ရုပ်သံမိန့်ခွန်းမာ  ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ သြဂုတ် ၁၆ ရက်ကစလို့  ကိုဗစ်ဒုတိယလှိုင်းပြန်စလာပြီးနောက် ရောဂါ ကူးစက်နှုန်းမြန်လာပြီး ရန်ကုန်ဟာပိုးတွေ့လူနာ အများဆုံးရှိတဲ့  ဧရိယာတစ်ခုဖြစ်လာပါတယ်။

စက်တင်ဘာ ၁၀ ရက်အတွက်  ဓာတ်ခွဲနမူနာ ၃၄၀၀ ကျော်ကို နှစ်သုတ်ခွဲစစ်ဆေးရာမှာ ဓာတ်ခွဲအတည်ပြုလူနာ ၂၅၇ ဦးအထိစံချိန်တင်တွေ့ခဲ့ပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားတဲ့  မတ်လ ၂၃ ရက်ကနေ  ဒီမနက်အထိ  ၅ လခွဲလောက်အတွင်း ဓာတ်ခွဲအတည်ပြုလူနာပေါင်း  ၂၂၆၅ ဦးရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013