DVB Logo
Home
မြန်မာသတင်း
တောင်ကြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၌ ကိုဗစ်-၁၉ စတင်စစ်ဆေး
DVB
·
September 11, 2020
တောင်ကြီး ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၌ ကိုဗစ်-၁၉ စတင်စစ်ဆေး
1 / 9
Donate to DVB

ရှမ်းပြည်နယ် တောင်ကြီးမြို့ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက စက်တင်ဘာ ၁၀ ရက်မှာ နှာခေါင်းနဲ့ အာခေါင် တို့ဖတ် ဓာတ်ခွဲနမူနာ ၁၁၉ ခုကို  စစ်ဆေးခဲ့ရာမှာ  အဖြေအားလုံး Negative ဖြစ်တယ်လို့  အဏုဇီဝအထူးကုဆရာဝန်ကြီး ဒေါက်တာ ပိုးပိုးလင်းထံက ပြောပါတယ်။

လက်ရှိမှာ PCR စက်နဲ့  အထူးကုဆရာဝန်ကြီး  ၁ ဦး၊ ဦးစီးအရာရှိ ၂ ဦး၊ Medical Technologist ၄ ဦး၊ Lab Technician Grade 2  ၂ ဦး၊ Data Assistant  ၁ ဦး စုစုပေါင်း ဝန်ထမ်းအင်အား ၉ ဦးနဲ့  တသုတ်ကို ၉၄ ဦး ရောဂါ စစ်ဆေးနိုင်ပြီးတော့ ဘယ်နှစ်သုတ်စစ်နိုင်လဲ ဆိုတာတော့ ဓာတ်ခွဲနမူနာရောက်ရှိချိန်ပေါ်မူတည်တယ်လို့  ဆရာဝန်ကြီးက ပြောပါတယ်။

ဒီစက်တွေကို ဝေအောင်ကမ္ဘာကုမ္ပဏီလီမိတက်နဲ့ Miracle Light ကုမ္ပဏီတို့က လှူဒါန်း တာဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်းက မြို့နယ်တွေက ရောက်ရှိလာတဲ့ ဓာတ်ခွဲ နမူနာတွေကို အခမဲ့စစ်ဆေးပေးနေ ပါတယ်။

နေ့စဉ်ဓာတ်ခွဲအ‌ဖြေရလဒ်တွေကိုလည်း  Public Health Laboratory Taunggyi ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ကြေညာပေးမယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါ လူနာတွေ့ရှိမှုအနေနဲ့ စက်တင်ဘာ ၉ ရက်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ  လူနာ ၃ ဦးရှိခဲ့ပြီး လတ်တလော တောင်ကြီး စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးမှာ  ကိုဗစ်-၁၉ ကူးစက်ခံ လူနာ ၁ ဦး တက်ရောက် ဆေးကုသမှုခံယူနေတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ 

သတင်း- နန်းစံပယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013