DVB Logo
Home
မြန်မာသတင်း
မအူပင်နှင့် ဘိုကလေးက ကိုဗစ်-၁၉ လူနာ ၄ ဦးအနက် Music Zone ဝန်ထမ်း ၂ ဦးပါဝင်
DVB
·
September 10, 2020
မအူပင်နှင့် ဘိုကလေးက ကိုဗစ်-၁၉ လူနာ ၄ ဦးအနက် Music Zone ဝန်ထမ်း ၂ ဦးပါဝင်
Donate to DVB

ဧရာဝတီတိုင်းမှာ  ကိုဗစ် - ၁၉ ရောဂါ အတည်ပြုလူနာ ၉ ဦးထိတွေ့ရှိခဲ့ပြီး ပိုးတွေ့ လူနာတွေကတော့ ဖျာပုံ၊ မအူပင်၊ ဘိုကလေး စတဲ့မြို့နယ်တွေက ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အား ကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အတည်ပြုလူနာတွေ့ရှိခဲ့တဲ့ မအူပင်မြို့နယ်က ၃ ဦးနဲ့ ဘိုကလေးမြို့နယ်က ၁ ဦးထဲမှာ   ရန်ကုန်မြို့ Music Zone မှာ အလုပ်လုပ်တဲ့ ဝန်ထမ်း ၂ ဦး ပါဝင်လာတယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေထံက သိရပါတယ်။ Music Zone ဟာ ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းမှာ စားသောက်ဆိုင်၊ စင်တင်တေးဂီတနဲ့ KTV တွဲဖွင့်ထားတဲ့ဆိုင်ဖြစ်ပြီး  ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၇၃ ယောက် စစ်ဆေးတွေ့ရှိထားတဲ့ နေရာဖြစ်ပါတယ်။ 

မအူပင်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခင်မာစိုးက "မအူပင်မြို့နယ်က ရောဂါပိုးတွေ့ရှိခဲ့သူ ၃ ဦးမှာ လူနာအမှတ် ၁၃၉၅ နဲ့ ထိတွေခဲ့သူ ၁ ဦးနဲ့ Music Zone မှာ အလုပ်သွားလုပ်ပြီး ပြန်လာသူ ၁ ဦးနဲ့ သူ့ရဲ့ သမီးတို့မှာ ရောဂါပိုးတွေ့ရှိခဲ့တာပါ၊ ခုတော့ ဆေးရုံမှာ ကုသတာတွေ လုပ်ပေးနေပါပြီ" လို့ ပြောပါတယ်။

ပိုးတွေ့ခဲ့တဲ့အတည်ပြုလူနာ Music Zone ဝန်ထမ်းဟာ စက်တင်ဘာ ၁ ရက်နေ့က မအူပင်ကို ပြန်လာတာဖြစ်ပြီး တာဝန်ရှိသူတွေက သတင်းရသွားရောက်ပြီး နေအိမ်ပြင်ပ သွားလာတာမျိုး မလုပ်ဖို့ ပြောခဲ့ပြီး ၇ ရက်နေ့မှာ အနံ့ မရတော့လို့ ဓာတ်ခွဲစစ်ဆေးချိန်မှာ အမေရော သမီးမှာပါ ရောဂါပိုး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူနဲ့ထိတွေ့ခဲ့သူတွေကို လိုက်လံစုံစမ်းနေပြီး ပြန်ရောက်ကတည်းက အိမ်ထဲက အိမ်ပြင်မထွက်အောင်သတိပေးထားလို အိမ်လာလည်တဲ့ အမျိုးတော်စပ်သူ ၁၆ ဦးလောက်ကိုတော့ စုံစမ်းနေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘိုကလေးမြို့မှာ ပထမဆုံးပိုးတွေ့ရှိခဲ့တဲ့ ကိုဗစ် - ၁၉ အတည်ပြုလူနာဟာလည်း  စက်တင်ဘာ ၁ ရက်က အငှားကားနဲ့ ပြန်လည်ရောက်ရှိတဲ့ Music Zone ဝန်ထမ်းအမျိုးသမီး ၁ ဦး ဖြစ်တယ်လို့ မြို့နယ် Quarantine Officer ဦးအေးသောင်းက ပြောပါတယ်။

"သူ့ကို ပြန်ရောက်ကတည်းက ဆေးရုံကိုတင်ထားတာ၊ သူက အနံ့သိပ်မရဘူးလို့ပြောတယ်၊ ကျနော်တို့ ရောက်လာတဲ့အချိန် လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးတာတွေ ယူပြီး စစ်ဆေးခဲ့တာ ပါ၊ သူ့မိသားစုနဲ့ ထိတွေ့ခဲ့သူ ၇ ဦးလောက်ကို ခု Quarantine လုပ်ထားပါပြီး၊ သူနဲ့ပြန်လာတဲ့ ယာဉ်မောင်းကိုတော့ လိုက်ပြီးရှာဖွေနေပါတယ် "

ဘိုကလေးနဲ့ မအူပင်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေရှိခဲ့တဲ့ လူနာ ၄ ဦးကို သက်ဆိုင်ရာမြို့နယ် ဆေးရုံတွေမှာ ဆေးကုသပေးနေပြီး  အားလုံး ကျန်းမာရေးကောင်းမွန်တယ်လို့ ဆေးရုံတာဝန်ရှိသူက ပြောပါတယ်။ 

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013