DVB Logo
Home
မြန်မာသတင်း
မလှိုင်မြို့နယ်တွင် ကျောင်းသူ ညီအစ်မ ၂ ဦး ရေနစ်သေဆုံး
DVB
·
September 10, 2020
မလှိုင်မြို့နယ်တွင် ကျောင်းသူ ညီအစ်မ ၂ ဦး ရေနစ်သေဆုံး
Donate to DVB

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊ မြင်းဦးလှည့်ကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာ ချောင်းအတွင်းမှာ စက်တင်ဘာ ၉ ရက်နေ့က ရေဆင်းချိုးတဲ့ ကျောင်းသူ ညီအစ်မနှစ်ဦး ရေနစ်သေဆုံးသွားတယ်လို့ မြင်းဦးလှည့်အုပ်စုအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

"ကျောင်းသူလေး ၂ ယောက်က ညီအစ်မအရင်းတွေပါ။ ကျောင်းတွေ ပိတ်ထားတော့ ညောင်ကုန်းရွာက အဘိုးအဘွားတွေဆီ အလည်လာရင်း ဖြစ်သွားတာ။ ညကရွာတဲ့မိုးက ချောင်းထဲမှာရေရှိနေတယ်၊ ချောင်းအကွေ့တခုမှာ လူကြီးတရပ်မြုပ်တဲ့ ချိုင့်ရှိတယ်။ ညီမငယ် အဲဒီချိုင့်ထဲ ကျသွားတာကို အစ်မက လိုက်ကယ်ရင်း အမပါ ရေနစ်သေဆုံးသွားတာပါ။"

  ရေနစ်သေဆုံးသွားသူ ညီအစ်မနှစ်ဦးကတော့ ရုံးတောအုပ်စု ကျောင်းစုရွာနေ ၁၀ တန်းကျောင်းသူ မရွှန်းလဲ့နဒီ (၁၆နှစ်) နဲ့ ၇ တန်းကျောင်းသူ ညီမဖြစ်သူ မအိစိုင်းမွန်(၁၄နှစ်) ဖြစ်ပြီး ရေနစ်နေတာကို လယ်ယာလုပ်ငန်းခွင်သွားသူ တစ်ဦးက တွေ့ရှိလို့ ကယ်တင်ခဲ့ပေမယ့် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

မလှိုင်မြို့မရဲစခန်းတာဝန်ကျရဲအရာရှိက "ညီအမ နှစ်ယောက်လုံး သေဆုံးသွားတယ်။ ပြင်ပဒဏ်ရာ မတွေ့ရပါဘူး၊ သေမှုသေခင်း အမှုဖွင့်ထားတယ်" လို့ ပြောပါတယ်။

မောင်မောင်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013