DVB Logo
Home
မြန်မာသတင်း
တစ်နိုင်ငံလုံးရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀၀၉ ဦးအနက်  ရန်ကုန်က ထက်ဝက်ကျော်ပါဝင်
DVB
·
September 10, 2020
တစ်နိုင်ငံလုံးရှိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၀၀၉ ဦးအနက်  ရန်ကုန်က ထက်ဝက်ကျော်ပါဝင်
Donate to DVB

မြန်မာနိုင်ငံမှာ သြဂုတ် ၁၆ ရက်ကစလို့ ကိုဗစ်-၁၉ ကပ်ရောဂါဒုတိယလှိုင်း ပြန်လည်စတင်လာပြီးနောက် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရောဂါကူးစက်ခံ လူနာရှိတဲ့  မြို့နယ်တွေ ထပ်တိုးလာပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်တွေကစလို့ အတည်ပြုလူနာတွေ စစ်ဆေးတွေ့ရှိမှု  အယောက် ၁၀၀ ကနေ ၁၀၀ ကျော်လာပြီးနောက်  စက်တင်ဘာ ၉ ရက် အတွက် ဓာတ်ခွဲနမူနာစုစုပေါင်း ၃၄၁၅ ကို နှစ်သုတ်ခွဲစစ်ဆေးရာမှာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာစုစုပေါင်း ၂၀၂ ယောက်အထိ ရက်အလိုက် ကူးစက်ခံလူနာစာရင်းမှာ အများဆုံးဖြစ်လာပါတယ်။

တစ်နိုင်ငံလုံးပိုးတွေ့လူနာ စုစုပေါင်း ၂၀၀၉ ယောက်ထဲမှာတော့   ရန်ကုန်ဟာ ကူးစက်ခံလူနာဟာ ၁၀၄၃ ယောက်နဲ့ အများဆုံးတွေ့ရပြီး ကူးစက်ခံလူနာ ရှိတဲ့ မြို့နယ်အရေအတွက်လည်း များလို့လာနေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက "အဓိကတော့ ကျနော်တို့ ပြည်သူလူထုက ကျန်းမာရေးညွှန်ကြားချက်တွေမှာ အရေးအကြီးဆုံးဖြစ်တဲ့ အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဖို့၊ လက်ဆေးဖို့ လူစုလူဝေးဖြစ်တဲ့နေရာတွေ မသွားဖို့ မဖြစ်မနေမှဘဲ အပြင်သွားဖို့ ဒါကို လိုက်နာရင် အများကြီးထိန်းနိုင်မှာဖြစ်ပါတယ်။"လို့  ပြောပါတယ်။

ဒီနေ့မနက်ပိုင်းအထိ ကူးစက်ခံလူနာအရေအတွက်ကတော့ ရန်ကုန်က ၁၀၄၃ ယောက်၊  ကူးစက်ခံလူနာ ဒုတိယအများဆုံး ရခိုင်ပြည်နယ်မှာတော့ ၆၇၅ ယောက်၊ မန္တလေးမှာ ၆၆ ယောက်၊ ပဲခူးမှာ အယောက် ၆၀ ၊ ကရင်ပြည်နယ် ၂၉ ယောက်၊ မွန်ပြည်နယ် ၂၈ ယောက်၊ ရှမ်းပြည်နယ် ၁၉ ယောက်၊ ဧရာဝတီမှာ ၁၉ ယောက်၊ နေပြည်တော်မှာ ၂၁ ယောက်၊ ချင်းပြည်နယ် ၁၈ ယောက်၊ စစ်ကိုင်း ၁၀ ယောက်၊ တနင်္သာရီ ၆ ယောက် ၊ မကွေး ၈ ယောက်နဲ့ ကချင်ပြည်နယ်မှာ  ၇ ယောက်ရှိပါတယ်။

မြန်မာပြည်မှာ ကိုဗစ်-၁၉ ကပ်ရောဂါစတင်ဖြစ်ပွားတဲ့ မတ်လ ၂၃ ရက်ကနေ  စက်တင်ဘာ ၁၀ ရက် မနက်အထိ ကယားပြည်နယ်မှာတော့ ကူးစက်ခံရတာမရှိသေးပါဘူး။

ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့ ရန်ကုန်မှာတော့ နေအိမ်မှာနေထိုင်ရေး Stay At Home အစီအစဉ်ကို ပိုးတွေ့လူနာများတဲ့ ၂၈ မြို့နယ်အထိ တိုးမြှင့်ကြေညာထားပြီး နှာခေါင်းစည်းမတပ်ရင် ဒဏ်ရိုက်တာ၊ ညမထွက်ရအမိန့်ကို ဖောက်ဖျက်ရင် အရေးယူတာတွေအပြင် တင်းကျပ်တဲ့ အကန့်အသတ်တွေနဲ့ ရောဂါထိန်းချုပ်နိုင်အောင် အစီအမံတွေချထားပါတယ်။

ဒါပေမဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရောဂါကူးစက်မှုအရှိန် ပြန်မြင့်နေဆဲဖြစ်ပြီး ပထမလှိုင်းအတွင်း ကူးစက်ခံလူနာရှိတဲ့မြို့နယ်တွေထက် မြို့နယ်အသစ်တွေလည်း  ဆက်တိုးလာနေပါတယ်။ 

ကူးစက်ခံလူနာတွေထဲမှာတော့ ရခိုင်ပြည်နယ်ကို အသွားအလာရှိတဲ့သူ၊ ဘယ်ကကူးမှန်းမသိတဲ့သူတွေ၊ နိုင်ငံခြားပြန်တွေ၊ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့သူတွေ ပါဝင်ပါတယ်။

"အပြင်ထွက်ချိန်မှာ နှာခေါင်းစည်းမတပ် လက်မဆေးမိဘူး။ ပေါ့ဆရာကနေ အကူးခံတာပါ” လို့ ဘယ်ကကူးမှန်းမသိဘဲ ကူးစက်ခံခဲ့ရတဲ့ တာမွေမြို့နယ်က ကိုဗစ်၁၉ အတည်ပြုလူနာက ပြောပါတယ်။

တဘက်မှာလည်း  သေဆုံးသူအရေအတွက် ဆက်တိုးလာပြီး ပထမလှိုင်း ၅ လ လောက်နီးပါးအတွင်း သေဆုံးသူအရေအတွက် ၆ ယောက်ရှိခဲ့ရာက ဒုတိယလှိုင်းအစ သြဂုတ် ၁၆ ရက်ကနေ  စက်တင်ဘာ ၁၀ ရက်မနက်အထိ သီတင်းပတ် ၃ ပတ်အတွင်း ရောဂါအခံရှိသူ ၈ ယောက် ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၄ ယောက်ရှိသွားပါပြီ။

မြို့ကြီးတချို့မှာတော့ ရန်ကုန်နဲ့ ရခိုင်လာသူတွေကို ကွာရန်တင်းဝင်ဖို့အထိ ကန့်သတ်လာတာလဲတွေ့ရပါတယ်။

ဗိုင်းရပ်စ်ပျံ့နှံ့မှုဟာ လူထုလူတန်းစားအလွှာအသီးသီး ဆီဆက်လက်ရောက်ရှိလာပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တချို့အပါအဝင် အစိုးရအဖွဲ့အရာရှိကြီးတချို့ဆီပါ ကူးစက်ခံနေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013