
အမရပူရမြို့နယ်က ပိုးတွေ့လူနာနဲ့ထိတွေ့ခဲ့သူ ၂၈ ဦး ကိုယ့်အသိစိတ်နဲ့ကိုယ် Quarantine ဝင်ဖို့ လာရောက်ခဲ့ပြီး ကျန်တဲ့သူတွေကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။
ပိုးတွေ့ရှိခဲ့တဲ့သူဟာ အမရပူရ မြို့နယ် မှန်တန်းရပ်ကွက်က ဘိလိယက်ခုံကို လာရောက်ခဲ့တဲ့အတွက် အခုလို Quarantine ဝင်ရောက်တာလို့ ဘိလိယက်ခုံမှာ လာရောက် ကစားခဲ့သူ ဦးဇော်ဇော်အောင် ကပြောပါသည်။
လက်ရှိအချိန်မှာ ပိုးတွေ့သူ နေထိုင်ရာ အိမ် နဲ့ လမ်းကို lockdown ပြုလုပ်ထားပြီး ပိုးသတ်ဆေးဖြန်းထားပါတယ်။
ပိုးတွေ့လူနာရဲ့ မိသားစုဝင် ၆ ဦး၊ လူနာကို ဆေးခန်း လိုက်ပို့ပေးသူ ရာအိမ်မှူး နဲ့ တခြားတစ်ယောက်ကို Quarantine ပြုလုပ်ထားတယ်လို့ သိရပါတယ်။
ပိုးတွေ့လူနာ လာရောက်ကစားခဲ့တဲ့ ဘိလိယက်ခုံမှာ ၃ ရက်အတွင်း လာရောက်ကစားခဲ့သူ ၅၀ ကျော်ထဲက ၂၈ ဦးမှာ ကိုယ့်အသိစိတ်နဲ့ကိုယ် Quarantine ဝင်ဖို့ လာရောက်ခဲ့ပြီး ကျန်သူတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ကျန်းမားရေးနဲ့အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်နေ့ ည ၈ နာရီထုတ်ပြန်တဲ့ ပိုးတွေ့လူနာ ၈၂ ဦးထဲမှာ မန္တလေးတိုင်း အမရပူရ မြို့နယ်က ၁ ဦးနဲ့ မြင်းခြံက ၂ ဦးပိုးတွေ့ခဲ့တာပါ။
Photo - Kaung Zaw Hein / MPA











