DVB Logo
Home
မြန်မာသတင်း
မယ်ဆိုင်တွင် ပွဲစားကို ဘတ် ၂၀၀၀၀ စီပေးပြီး တရားမဝင်လာရောက်သည့် မြန်မာ ၉ ဦး ဖမ်းဆီးခံရ 
DVB
·
September 9, 2020
မယ်ဆိုင်တွင် ပွဲစားကို ဘတ် ၂၀၀၀၀ စီပေးပြီး တရားမဝင်လာရောက်သည့် မြန်မာ ၉ ဦး ဖမ်းဆီးခံရ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ ပွဲစားကို ဘတ် ၂၀၀၀၀ စီလောက် ပေးပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၉ ဦး ဖမ်းဆီးခံရတယ်လို့ မန်နေဂျာ အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

မယ်ဆိုင်မြို့နယ် ပုန်ဖာအုပ်စု နောင်အော့ရပ်ကွက်ထဲက နေအိမ်တစ်အိမ်ဟာ တရားမဝင် ဝင်ရောက်လာသူတွေ လက်ခံထားရှိကြောင်း ကြိုတင်သတင်းရထားတဲ့အတွက် တာဝန်ရှိသူတွေဟာ စက်တင်ဘာ ၈ ရက် ညနေ ၃ နာရီလောက်က အဆိုပါအိမ်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

တာဝန်ရှိသူတွေရောက်သွားပြီး မကြာခင်မှာဘဲ ငွေရောင်ဟိုင်းလပ်ကားတစ်စီး အိမ်ဝင်းထဲ ဝင်ရောက်လာကြောင်း၊ ယာဉ်မောင်းသူမှာ နိုင်းဝေါ်လဝုဒ်ဆိုသူ ထိုင်းအမျိုးသားဖြစ်ပြီး ကားပေါ်မှာ တော့ မြန်မာနိုင်ငံသား ၉ ဦး (အမျိုးသား ၇ ဦး၊ အမျိုးသမီး ၂ ဦး)တို့ လိုက်ပါလာတယ်လို့ တာဝန်ရှိသူမှ သတင်းထောက်တွေကို ပြောပါတယ်။ 

စစ်ဆေးချက်အရ သူတို့တွေဟာ တရားမဝင် ဝင်ရောက်လာတဲ့အလုပ်သမားတွေဖြစ်ပြီး လမ်း မှာ ပွဲစားတွေကို ငွေအဆင့်ဆင့်ပေးခဲ့ရကြောင်း ၊ မယ်ဆိုင်တာချီလိတ်ကြား မယ်ဟုတ်ချောင်းကို ဖြတ်ကျော်ရုံတင် ဘတ် ၄၀၀၀ ပေးခဲ့ရပြီး စစ်ဆေးရေးဂိတ်တွေရှောင်ဖို့ ပွဲစားက အကြိမ်ကြိမ်ငွေ ကောက်ခံတာ တစ်ဦးကို ဘတ် ၂၀၀၀၀ လောက် ကုန်ကျခဲ့ပြီး လိုရာခရီးရောက်ကာမှ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။ 

 ပွဲစားနဲ့  မြန်မာနိုင်ငံသား ၉ ဦးကို လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ရော ကူးစက်ရော ဂါထိန်းချုပ်မှု ဥပဒေနဲ့ပါ အရေးယူသွားမယ်လို့ ထိုင်းတာဝန်ရှိသူက ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ လတ်တလော ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုအရှိန်မြင့်မားလာတာကြောင့် တဘက်နိုင်ငံကလူတွေ ဝင်မလာနိုင်အောင် ထိုင်းအာဏာပိုင်တွေက လုံခြုံရေးတိုးမြှင့် ချထားပေမယ့်လည်း တရားမဝင် ဝင်ရောက်သူတွေ နေ့စဉ်လို ဖမ်းဆီးရမိနေတာပါ။ 

မယ်ဆိုင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ကလည်း မယ်ဆိုင်ချောင်းရေကနေ ဖြတ်ကူးပြီး ဖတ်ကတ်ဆိပ်ပေါ်တက်လာတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။ 

ကိုးကား- MGR Online

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013