DVB Logo
Home
မြန်မာသတင်း
အိမ်မဲမြို့နယ်က ကိုဗစ်-၁၉ ပိုးတွေ့လူနာ YBS ဘတ်စ်ကားနှင့် အဝေးပြေးယာဉ်စီးခဲ့  
DVB
·
September 8, 2020
အိမ်မဲမြို့နယ်က ကိုဗစ်-၁၉ ပိုးတွေ့လူနာ YBS ဘတ်စ်ကားနှင့် အဝေးပြေးယာဉ်စီးခဲ့  
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး  အိမ်မဲမြို့နယ်မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၈ ရက်နေ့ ထုတ်ပြန်ချက်အရ ပထမဆုံး ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁ ဦးတွေ့ရှိပါတယ်။

ကိုဗစ်ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့သူအားလုံးကို ဓာတ်ခွဲနမူနာယူပြီး ကွာရန်တင်း စခန်းမှာထားမယ်လို့ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ပြောပါတယ်။

အခုပိုးတွေ့လူနာဟာ ကိုးတော်ရိုးကျေးရွာမှာနေထိုင်တဲ့ အသက် ၁၇နှစ်အရွယ် အမျိုးသားဖြစ်ပြီး ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်က လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်ကိုင်ပြီး နေရပ်အိမ်မဲမြို့နယ်ကို အပြန်မှာ စစ်ဆေးပြီး ပိုးတွေ့ခဲ့တာပါ။

ပိုးတွေ့လူနာဟာ စက်တင်ဘာ ၃ ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ်ကနေ YBS နံပတ် ၆ ကားကိုစီးပြီး ဒဂုံဧရာ အဝေးပြေးဝင်းကိုသွားခဲ့တာပါ။  အဲဒီကနေ ရွှေမြန်မာအ ဝေးပြေးကားကိုစီးပြီး အိမ်မဲမြို့ကို ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပိုးတွေ့လူနာရဲ့ဖခင်အပါအဝင် ပထမဆုံးထိတွေ့ခဲ့သူ ၁၃ ဦးကို လိုက်လံစုံစမ်းရှာဖွေပြီး ဓာတ်ခွဲနမူနာတွေ ရယူစစ်ဆေးသွားမယ်လို့ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

“ကျမတို့ ထိတွေ့သူတွေကို စစ်ဆေးပြီး ရောဂါပိုးကို ထိန်းနိုင်မှာပါ”လို့ အိမ်မဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ပြောပါတယ်။

ပိုးတွေ့လူနာရဲ့ဖခင်အပါအဝင် ပထမဆုံးထိတွေ့ခဲ့သူ ၁၃ ဦးနဲ့ ထပ်ပြီးထိတွေ့ခဲ့သူတွေကို လည်း နေအိမ်မှာ အသွားအလာကန့်သတ်သွားမယ်လို့ဆိုပါတယ်။

အိမ်မဲမြို့နယ်မှာ ပထမဆုံးပိုးတွေ့လူနာရှိလာပြီဖြစ်တဲ့အတွက် မြို့နယ်နေပြည်သူတွေဟာ ကျန်းမာရေးသတိ ပိုထားဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်၊ လမ်းညွှန်ချက်တွေအတိုင်း နေထိုင်သွားလာကြဖို့ အိမ်မဲ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကြေညာချက်ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013