Home Lead Story ရန်ကုန်တွင် YBS ဘတ်စ်ကား မီးလောင်
ရန်ကုန်တွင် YBS ဘတ်စ်ကား မီးလောင်
Photo: MFSD
ရန်ကုန်၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာစျေးအနီး ဘုရင့်နောင်လမ်းမပေါ်မှာ ဧပြီ ၁၀ ရက်၊ ညနေ ၄ နာရီခွဲလောက်က YBS ဘတ်စ်ကား ၁ စီး မီးလောင်ခဲ့တယ်လို့ မီးသတ်ဌာနဆီက သိရပါတယ်။ ဘတ်စ်ကားဟာ ဘုရင့်နောင်လမ်းမကြီးရဲ့အလယ်မှာ တဖက်ယာဥ်ကြောကိုကွေ့ဖို့ ပြင်နေချိန်မှာ မီးလောင်ခဲ့တာလို့ ဆိုပါတယ်။ လက်ရှိမှာ မီးလောင်ရတဲ့ အကြောင်းအရင်းကို မသိရသေးဘဲ၊ ဝါယာရှော့ကြောင့်လို့ ယာဥ်မောင်းတွေက ထင်မြင်ချက်ပေးထားပြီး မီးလောင်ချိန်က ကားပေါ် ခရီးသည်ပါတာ မတွေ့ရဘူးလို့ သီရိမင်္ဂလာစျေးမှာ စျေးရောင်းနေသူ တယောက်က ပြောပါတယ်။ “ကားကတော့ ရစရာကို မရှိတော့ဘူး။ မီးသတ်ကားတွေ တော်တော်ငြှိမ်းယူရတယ်။” မီးလောင်မှုဖြစ်တဲ့ ဝိုင်ဘီအက်စ်ကားကို လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၃ စီး နဲ့ ၁၀ မိနစ်နီးပါး သွားရောက်ငြှိမ်းသတ်ခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း ကားမီးလောင်မူဖြစ်စဥ်တွေ ဆက်တိုက်ဖြစ်နေပြီး ယာဥ်အသုံးပြုသူတွေကြားမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ သာကေတမြို့နယ်၊ ရူခင်းသာမြို့ပတ်လမ်းမှာ ဧပြီ ၈ ရက်၊ ည ၇ နာရီခွဲလောက်က တက္ကစီ ၁ စီး မီးလောင်ခဲ့ပြီး အဲဒီနေ့ညနေပိုင်းမှာပဲ ရွှေဂုံတိုင်တံတားပေါ်မှာ ကား ၃ စီးတိုက်မိတာကနေ ၁ စီး တိမ်းမှောက်ပြီး မီးလောင်ခဲ့သလို ဧပြီ ၅ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုသိမ်ညွန့် ၈ လမ်းမှာ ကား ၁ စီး မီးလောင်ခဲ့တယ်လို့ မီးသတ်ဌာနက ထုတ်ပြန်ထားပါတယ်။