DVB Logo
Home
မြန်မာသတင်း
ကယားလွှတ်တော်က Wai Phyo Oo Kozaw ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်ကို အမှုဖွင့်
DVB
·
September 8, 2020
ကယားလွှတ်တော်က Wai Phyo Oo Kozaw ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်ကို အမှုဖွင့်
Donate to DVB

လွှတ်တော်ကို ဂုဏ်သိက္ခာကျဆင်းအောင် လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ  ရေးသားတယ်ဆိုပြီး  Wai Phyo Oo Kozaw အကောင့်ပိုင်ရှင် အန်အယ်လ်ဒီ လူငယ် ၁ ဦးကို ကယားပြည်နယ်လွှတ်တော်ရုံးက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။

Wai Phyo Oo Kozaw  အကောင့်ပိုင်ရှင်ကို အရေးယူပေးဖို့  ကယားပြည်နယ်လွှတ်တော်ရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်ဆွေက လက်မှတ်ထိုးပြီး လွိုင်ကော်မြို့မရဲစခန်းကို စက်တင်ဘာ ၇ ရက်က တိုင်ကြားခဲ့တာပါ။

ဒီတိုင်ကြားမှုကို လက်ခံရရှိကြောင်းနဲ့ အမှုကို လက်ခံ ဖွင့်ပေးထားကြောင်း လွိုင်ကော်မြို့မ ရဲစခန်းမှူး ကျော်လင်းထွန်းကပြောပါတယ်။

“သူတို့လွှတ်တော်ကို ဂုဏ်သိက္ခကျဆင်းအောင် ဖေ့စ်ဘွတ်ခ်ပေါ်တင်တယ်ဆိုပြီးတော့ တိုင်စာပို့ပြီး တိုင်ထားတာတော့ ရှိပါတယ်။ ကျနော်တို့ဘက်က အမှုလက်ခံပြီးတော့ ဖွင့်ပေးထားတာပေါ့ခင်ဗျာ။ ၆၆ (ဃ) နဲ့ပါ။”

အမှုလက်ခံထားပြီးဖြစ်လို့ သက်သေခံပစ္စည်းသိမ်းတာ အစရှိတဲ့ ရဲလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း စခန်းမှူးက ပြောပါတယ်။

Wai Phyo Oo Kozaw ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ “ကယားလွှတ်တော်ကို အမည်ပြောင်းလိုက်သည်၊ ကလိမ်ကကျစ်ကျသော လွှတ်တော်ကိုယ်စားလှယ်များ ဖွဲ့စည်းထားသော လွှတ်တော်ဟု ပြောင်းလဲဖွဲ့စည်းလိုက်သည်”  ဆိုတဲ့ စာရေးသား ရေးထားပါတယ်။

Wai Phyo Oo Kozaw အကောင့်ပိုင်ရှင်ဟာ ဖားဆောင်းမြို့နယ် အန်အယ်ယ်ဒီ လူငယ်အဖွဲ့ဝင် တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)မှာ  ဆက်သွယ်ရေး ကွန်ရက် တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီး ကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်ဩဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်သူတွေကို အရေးယူဖို့ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ဖြစ်ပါတယ်။ 

ခုလို ‌ဖေ့စ်ဘွတ်မှာ ရေးသားမှုကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ အရေးယူတာတွေနဲ့ ပတ်သက်ပြီး  မြန်မာအစိုးရဟာ  လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ဖောက်ဖျက်နေတယ်ဆိုပြီး ပြည်တွင်း ပြည်ပ အဖွဲ့အစည်းအတွေက ဝေဖန်လေ့ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013