ထိုင်းနိုင်ငံမှာ ဒီဇယ်ဈေးနှုန်း ကန့်သတ်မှု သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ မတ်လ ၁၆ ရက်မှာ မြို့တော် ဘန်ကောက်ရဲ့ မြို့ပြင်က ဓာတ်ဆီဆိုင်တွေမှာ ယာဉ်မောင်းတွေ တန်းစီစောင့်ဆိုင်းနေကြပါတယ်။
တချို့ဆိုင်တွေမှာ လောင်စာဆီ ပြတ်လပ်နေကြပါတယ်။ ထိုင်းအစိုးရက မတ်လ အစောပိုင်းမှာ ဒီဇယ်ဈေးနှုန်းတွေကို ၁၅ ရက်ကြာ ကန့်သတ်ခဲ့ပြီး တနင်္လာနေ့မှာ သက်တမ်းကုန်ဆုံးမှာပါ။
ဈေးနှုန်းမြင့်တက်မှုမတိုင်မီ ယာဉ်မောင်းတွေ အပြေးအလွှား ဆီဖြည့်ဖို့ အလျင်အမြန်ကြိုးစားနေလို့ ဝယ်လိုအား မြင့်တက်လာခဲ့ပါတယ်။
၁၀ နှစ်ကျော် အလုပ်လုပ်ခဲ့တဲ့ ၃၁ နှစ်အရွယ် ဓာတ်ဆီဆိုင်ဝန်ထမ်း ပွန်ယာပွန် ကာ့ခ်ဖိုးခါက “လူအများအပြားက ဆီဖြည့်ဖို့ လာကြတာကြောင့် ကျနော်တို့မှာ လောင်စာဆီ မလုံလောက်ဘူး”လို့ ပြောပါတယ်။
အစိုးရက ဒီဇယ်ဈေးနှုန်းကို ကန့်သတ်လို့ ပြီးတာနဲ့ ဘယ်လိုချိန်ညှိရမလဲ ဆိုတာကို ဆုံးဖြတ်မယ်လို့ ဒုတိယဝန်ကြီးချုပ်နဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဖီဖတ်ရတ်ချစ်ပရာကန်က မတ် ၁၃ ရက်မှာ ပြောပါတယ်။
Source: Reuters










