DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ကိုယ်စားလှယ်လောင်း ၂ ဦး အပယ်ခံရ
DVB
·
September 7, 2020
ဧရာဝတီတိုင်းတွင် ကိုယ်စားလှယ်လောင်း ၂ ဦး အပယ်ခံရ
Donate to DVB

ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ဦး အပယ်ခံခဲ့ရတယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက သိရပါတယ်။

လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ် အသီးသီးမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင်သွင်းထားသူ ၅၄၅ ဦးရှိခဲ့ပြီး နုတ်ထွက်သူ ၁ ဦးနဲ့ ၂ ဦးကိုတော့ပယ်လိုက်တယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးအောင်မြင့်က  ဒီဗွီဘီကို ပြောပါတယ်။

"ကျနော်တို့ တိုင်းထဲမှာ ကိုယ်စားလှယ်လောင်း ၅၄၂ ဦးလက်ခံထားပါတယ်။ လျှောက်တာက ၅၄၅ ဦးပါ။ ခုစာရင်းအရ ၃ ဦးပါမပါဝင်လာခဲ့ဘူး။  ၁ ဦးက သူဟာသူ နုတ်ထွက်သွားတယ်။ ၂ ဦး ကတော့ ပယ်လိုက်တာပါ "လို့ ဦးအောင်မြင့်က  ပြောပါတယ်။

အပယ်ခံရသူ ၂ ဦးမှာ နိုင်ငံသားမိဘ နှစ်ပါးက မွေးဖွားလာသူမဟုတ်တာနဲ့ မြန်မာနိုင်ငံမှာ အနည်းဆုံး ၁၀ နှစ် တဆက်တည်းနေထိုင်သူမဟုတ်တာတို့ကြောင့် ပယ်ချခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးမှာ ပန်းတနော်မြို့နယ်က တသီးပုဂ္ဂလိက ဝင်ရောက်ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း အမျိုးသမီး ၁ ဦးနဲ့ နောက် ၁ ဦးက ဝါးခယ်မမြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားတဲ့သူဖြစ်ပြီး သူ့ကိုတော့ နိုင်ငံခြားမှာ အနေများပြီး မြန်မာနိုင်ငံပြန်ရောက်တာ ၄ နှစ်သာရှိသေးလို့ ပယ်ခဲ့တာဖြစ်တယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောပါတယ်။

လွှတ်တော်ကိုယ်စားလှယ်လောင်း အဆိုပြုလွှာကို ဆန္ဒသဘောအရ ပြန်ရုပ်သိမ်းသွားသူက တော့ ကန်ကြီးထောင့်မြို့နယ်၊ တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် ၂ က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်မယ့် ဦးဘိုဘိုဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ မဲဆန္ဒနယ် ၉၂ နေရာရှိပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် လောင်း ၅၀၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013