DVB Logo
Home
မြန်မာသတင်း
လူနာအမှတ် ၁၁၅၅ တည်းခဲ့သည့် မြစ်ကြီးနားက ဟိုတယ်ကို Lockdown ချ
DVB
·
September 6, 2020
လူနာအမှတ် ၁၁၅၅ တည်းခဲ့သည့် မြစ်ကြီးနားက ဟိုတယ်ကို Lockdown ချ
Donate to DVB

နေပြည်တော်က ကိုဗစ်-၁၉ လူနာအမှတ် ၁၁၅၅ လာရောက်တည်းခိုသွားတဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်က ဟိုတယ်ဟူးကောင်း (Hotel Hukaung) ကို စက်တင်ဘာ ၆ ရက်နေ့ညနေကစပြီး Lock down ချလိုက်တယ်လို့ သိရပါတယ်။

အဲဒီဟိုတယ်မှာ နေပြည်တော်က လူနာ အမှတ် ၁၁၅၅ နဲ့ အဖွဲ့ဟာ သြဂုတ် ၂၈ ရက်နေ့က လာရောက်တည်းခိုသွားတာလို့ တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဘောက်နော်က ပြောပါတယ်။

“လူနာနံပါတ် ၁၁၅၅ နဲ့အတူ ၈ ယောက်အဖွဲ့ လာတည်းခိုသွားတယ်ဆိုတာကို တွေ့ရှိရတဲ့အတွက် ကျန်းမာရေးရှုထောင့်အရ ကိုဗစ်ဥပဒေအရ ဒီဟိုတယ်ကို Lock down ချလိုက်တာပါ။” 

ဟိုတယ်မှာ လာရောက်တည်းခိုနေတဲ့ ဧည့်သည် ၃ ယောက်နဲ့အတူ ဟိုတယ်ဝန်ထမ်း ၁၅ ယောက်ကိုလည်း အဲဒီဟိုတယ်မှာ လောလောဆယ်ထားပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

အဲဒီလူနာအမှတ် ၁၁၅၅ ဟာ နေပြည်တော်က ဇမ္ဗူသီရိမြို့နယ် ဆက်သွယ်ရေးဝန်ထမ်းတဦး ဖြစ်ပြီး မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့တွေကို သွားရောက်ခဲ့သေးတယ်လို့ သိရပါတယ်။

လူနာအမှတ် ၁၁၅၅ အမျိုးသမီးဟာ ပြည်ပခရီးသွားရာဇဝင်မရှိသလို ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိခဲ့ဘဲ ဇမ္ဗူသီရိမြို့နယ် အသွားအလာကန့်သတ်ထားရာကနေ စက်တင်ဘာ ၅ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာပါ။ 

လက်ရှိမှာတော့ နေပြည်တော် ခုတင် ၁၀၀၀ ဆံ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

မီးမီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013