DVB Logo
Home
မြန်မာသတင်း
တာချီလိတ်မြို့၌ ၈ လအတွင်း မူးယစ်ဆေး ကျပ်သန်းပေါင်း ၂ သိန်းဖိုး ဖမ်းမိဟု ကာချုပ်ပြော
DVB
·
September 6, 2020
တာချီလိတ်မြို့၌ ၈ လအတွင်း မူးယစ်ဆေး ကျပ်သန်းပေါင်း ၂ သိန်းဖိုး ဖမ်းမိဟု ကာချုပ်ပြော
Donate to DVB

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှာ အခုနှစ် ၈ လတာအတွင်း မူးယစ်ဆေး ကျပ်သန်းပေါင်း ၂ သိန်းဖိုးလောက် ဖမ်းမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

မနေ့က တာချီလိတ်မှာလုပ်တဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးနိုင်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုငွေပေးတဲ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တာပါ။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၁ ရက်ကနေ ဩဂုတ် ၃၁ ရက်အထိ တာချီလိတ်မြို့နယ်ထဲမှာ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေက ဘိန်းဖြူ ၂၇ ဒသမ ၆၃ ကီလိုဂရမ်၊ ဘိန်းမဲ ၁ ဒသမ ၅ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၅,၆၉၄,၁၉၆ ပြား၊ အိုက်စ် ၁,၀၆၄ ဒသမ ၇ ကီလိုဂရမ်၊ ကတ်တမင်း ၁၂ ဒသမ ၃၅ ကီလိုဂရမ်နဲ့ တခြားမူးယစ်စေတတ်တဲ့ ဆက်စပ်ပစ္စည်းတွေ ၆,၅၈၈ ဒသမ ၆ ကီလိုဂရမ်၊ စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ်သန်းပေါင်း ၁၉၂ သိန်းကျော် (၁၉၂ ဒသမ ၆ ဘီလီယံကျော်) ကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။

မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချတာ များပြားရင် သုံးစွဲသူတွေ များလာမှာဖြစ်သလို မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားတာတွေကတဆင့် ငွေကြေးအများကြီးရမှာဖြစ်ပေမယ့် မသန့်ရှင်းတဲ့ငွေတွေဖြစ်တယ်လို့လည်း ပြောပါတယ်။

သွားလာရေးအခက်အခဲတွေကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်ကြီးတာကို ကာကွယ်ဖို့ လိုအပ်တဲ့စားသောက်ကုန်၊ သုံးကုန်တွေကို ပြင်ပကနေ ဝယ်ယူတာထက် ဒေသတွင်းမှာပဲ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပြီး လိုအပ်တာတွေကို တပ်မတော်က တတ်နိုင်သရွေ့ ကူညီမယ်လို့လည်း ပြောပါတယ်။

ပြီးတော့ လာမယ့်ရွေးကောက်ပွဲမှာ ဒေသနဲ့တိုင်းပြည်ကို အကျိုးပြုမယ့် ကိုယ်စားလှယ်ကောင်းတွေကို ပါတီတွေရဲ့ မူဝါဒတွေကိုကြည့်ပြီ၊ အုပ်ချုပ်သူ အစိုးရနှစ်ဆက် ဆယ်နှစ်တာ တွေ့ကြုံခဲ့တာတွေကို ဆင်ခြင်သုံးသပ်ပြီး ရွေးချယ်ဆန္ဒမဲပေးဖို့ လိုတယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013