DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်စေရန် အင်းစိန်ဗဟိုအကျဉ်းထောင် ဧည့်တွေ့ခွင့်ပိတ်
DVB
·
September 6, 2020
ကိုဗစ်-၁၉ ကူးစက်မှုမဖြစ်စေရန် အင်းစိန်ဗဟိုအကျဉ်းထောင် ဧည့်တွေ့ခွင့်ပိတ်
Donate to DVB

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြန်မြန်ဆန်ဆန် ပြန့်ပွားနေတာကြောင့် အကျဉ်းထောင်အတွင်း ‌ရောဂါကူးစက်မှုမဖြစ်ပေါ်စေဖို့ စက်တင်ဘာ ၄ ရက်နေ့က စတင်ကာ ဧည့်တွေ့ခွင့်ပိတ်ပင်လိုက်တယ်လို့  အင်းစိန်ဗဟိုအကျဉ်းထောင်က ကြေညာပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားနေတဲ့အချိန်ကတည်းက  အင်းစိန် ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို ၃ လနီးပါး ပိတ်ပင်ထားတာဖြစ်ပြီး ဇူလိုင် ၂ ရက်နေ့က ဧည့်တွေ့ခွင့် ပြန်ဖွင့်ပေးလိုက်ကာ  အခုတစ်ခါ  ထောင်ဝင်စာဧည့်တွေ့တာကို ပိတ်ပင်လိုက်တာပါ။ 

ထောင်ဝင်စာ ဧည့်တွေ့ဆုံခွင့်ကို  နှစ်ပတ်မှာ  တစ်ကြိမ်၊ တစ်ကြိမ်မှာ လူတစ်ဦးနှုန်းနဲ့    ပါဆယ်ပစ္စည်းတွေကိုသာ လက်ခံပေးသွားမှာဖြစ်ပြီး လာရောက်ပေးပို့သူအနေနဲ့ Mask တပ်ဆင်တာ နဲ့ လက်ဆေးတာ၊ ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်ရမှာပါ။ 

ထောင်ဝင်စာပေးပို့မယ့် အစားအသောက်နဲ့ ပစ္စည်းတွေကို သတ်မှတ်စည်းကမ်းချက်နဲ့ အညီ အပြင်သတ်မှတ်ဂိတ်မှသာ လက်ခံဆောင်ရွက်ပေးသွားမယ်လို့ အသိပေးထားပါတယ်။ 

အရင်က ထောင်ဝင်စာပစ္စည်းပေးပို့တာကို ကန့်သတ်မထားပေမယ့် အခုကိုဗစ်ကာလ အတွင်းတော့ အကျဉ်းကျခံနေသူတစ်ဦးကို သစ်သီးတစ်မျိုး၊ မုန့်တစ်မျိုး၊ အသားကြော်တစ်မျိုး၊ ငါးပိကြော်တစ်မျိုး၊  အသင့်စားခေါက်ဆွဲခြောက် ငါးထုပ်၊ ကော်ဖီ အထုပ်သေး ၇ ထုပ်၊ သွားတိုက်ဆေးတစ်ဘူး၊  သွားတိုက်တံတစ်ချောင်း၊ ကိုယ်တိုက်ဆပ်ပြာ ၁ တုံး စတဲ့ပစ္စည်းတွေသာ ပါဆယ်ပို့ခွင့်ရှိတယ်လို့ ကန့်သတ်ထားပါတယ်။ 

လက်ရှိ ကျန်းမာရေးဝန်ကြီးဌာနကနေ Stay at Home  ထုတ်ပြန်ထားတဲ့   မြို့နယ် ၇ မြို့ထဲ အကျဉ်းထောင်တည်ရှိရာ  အင်းစိန်မြို့နယ်လည်း  ပါဝင်နေပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁,၃၁၉ ဦး၊ သေဆုံးသူ ၈ ဦး၊ နှစ် ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ ၃၇၁ ဦးအနက် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၆၆ ဦးနဲ့ စောင့်ကြည့်လူနာအသစ် (၁၁၉) ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နန့်အိသူခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013