DVB Logo
Home
မြန်မာသတင်း
လားရှိုးသို့ လာသူများ အထောက်အထားမပြနိုင်လျှင် ကိုယ့်စရိတ်ဖြင့် Quarantine ဝင်ရမည်
DVB
·
September 6, 2020
လားရှိုးသို့ လာသူများ အထောက်အထားမပြနိုင်လျှင် ကိုယ့်စရိတ်ဖြင့် Quarantine ဝင်ရမည်
Donate to DVB

ရှမ်းပြည်နယ် လားရှိုးမြို့ကို  လာရောက်သူတွေအနေနဲ့ သက်သေအထောက်အထားမပြနိုင်ပါက ကိုယ့်စရိတ်နဲ့ ကွာရတင်း ၂၁ ရက်ဝင်ရမယ်လို့  လားရှိုးမြို့ နယ် ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီက စက်တင်ဘာလဆန်းပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။  

လာရှိုးမြို့နယ်သို့ လာရောက်မယ့်သူတွေဟာ ကျန်းမာကြောင်းထောက်ခံချက်ပါမှ ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး လားရှိုးမြို့နေထိုင်သူတွေအနေနဲ့ မြို့မှာနေထိုင်ကြောင်း ထောက်ခံချက်နဲ့ သွားရောက်ခဲ့တဲ့ ဒေသထောက်ခံချက်ပါမှ ဝင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။ 

သတ်မှတ်ထားချက်တွေ မဖော်ပြနိုင်ပဲ လားရှိုးမြို့ပေါ်မှာ နေထိုင်သူဆိုရင် မိသားစုအပါအဝင် Home Quarantine ဒါမှမဟုတ် မိမိစရိတ်နဲ့ Facility Quarantine ဝင်ရမှာဖြစ်ပါတယ်။

လားရှိုးမြို့ နေထိုင်သူမဟုတ်ပါက ကိုယ့်စရိတ်နဲ့ Facility Quarantine ဒါမှမဟုတ် Hotel Quarantine ဝင်ရမှာပါ။ 

လားရှိုးမြို့ကို သိန်းနီမြို့ဘက်က ဝင်ရောက်နိုင်မယ့် ဟိုပိတ်လမ်းကို အဝင်ပိတ်ထားပြီး အထွက်သာခွင့်ပြုပေးမယ်လို့ သိရပါတယ်။ 

မန္တလေး-လားရှိုးလမ်း ကိုမယ်ကန်ကျေးရွာအုပ်စု မြို့ဝင်ဂိတ်နဲ့ လားရှိုး-နမ္မတူလမ်း ပညာရေးကောလိပ် မြို့ဝင်ဂိတ်တွေကိုတော့ မနတ် ၆ နာရီကနေ ည ၁၂ နာရီထိ ဖွင့်လှစ်စစ်ဆေးပြီး ဝင်ထွက်ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။ 

လေဆိပ်ကဝင်လာတဲ့သူတွေလည်း ရပ်ကွက်ထောက်ခံစာနဲ့ ကျန်းမာရေးထောက်ခံစာပြရမှာဖြစ်ပါတယ်။ လေဆိပ်ကဝင်လာပြီး တခြားမြို့နယ်ပြင်ပကို သွားလိုပါက လုံခြုံရေးအစောင့်အရှောက်နဲ့ ထွက်ခွာရမှာဖြစ်ပြီး သွားရောက်မယ့်ဒေသကို ရောက်တဲ့အခါ မြို့နယ်တာဝန်ရှိသူတွေထံ သတင်းပို့ပြီး စီမံမှုအတိုင်း လိုက်နာဆောင်ရွက်ရမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။ 

ပြည့်ဖြိုးကိုကို၊ နွေလှိုင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013