DVB Logo
Home
မြန်မာသတင်း
ပခုက္ကူမြို့၌ တရားမဝင်ဖွင့်ထားသည့် အနှိပ်ခန်းတခုအား ရဲတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး
DVB
·
September 6, 2020
ပခုက္ကူမြို့၌ တရားမဝင်ဖွင့်ထားသည့် အနှိပ်ခန်းတခုအား ရဲတပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ကိုဗစ်-၁၉ ကာလ တရားမဝင်ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်းအား စက်တင်ဘာလ ၅ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

ပခုက္ကူမြို့ ဥတ္တရဟိုတယ်မှာ တရားမဝင် အနှိပ်ခန်းဖွင့်လှစ်နေတယ်လို့ သတင်းရတာကြောင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဌေး ဦးဆောင်တဲ့အဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ မန်နေဂျာ အပါအဝင် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦး ဖမ်းဆီးရမိတာလို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးလှိုင်တင့်က DVB ကို ပြောပါတယ်။

လာရောက်အနှိပ်ခံတဲ့ အမျိုးသား ၃ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး တရားမဝင် အနှိပ်ခန်းပြုလုပ်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို တရားမဝင် အနှိပ်ခန်းပြုလုပ်တဲ့ မန်နေဂျာအပါဝင် အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦးကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့  ကိုဗစ်-၁၉ ကာလအတွင်း လူစုလူဝေးမဖြစ်ပွားအောင် KTV၊ အနှိပ်ခန်း၊ စင်တင်တွေကို စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး စက်တင်ဘာ ၄ ရက်နေ့ မနက်ပိုင်းကလည်း မကွေးမြို့ ဟိုတယ်တခုက တရားမဝင်အနှိပ်ခန်းတခုကို ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013