DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ ပိုးတွေ့လူနာအမှတ် ၁၂၁၆ ရခိုင်ရှေ့တန်းပြန်တပ်မတော်သားတဦးဖြစ်
DVB
·
September 5, 2020
ကိုဗစ်-၁၉ ပိုးတွေ့လူနာအမှတ် ၁၂၁၆ ရခိုင်ရှေ့တန်းပြန်တပ်မတော်သားတဦးဖြစ်
Donate to DVB

စက်တင်ဘာလ ၅ ရက်နေ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့တဲ့ ပိုးတွေ့လူနာအမှတ် ၁၂၁၆ ဟာ  ပင်လောင်းမြို့နယ် တီကျစ်မြို့ အမှတ် ၅၁၁ က ခြေလျင်တပ်သား တဦး ဖြစ်ပြီး ရခိုင်ပြည်နယ် ရှေ့တန်းကနေ မိခင်တပ်ရင်းဆီပြန်လာခဲ့သူဖြစ်တယ်လို့ ရှမ်းပြည်နယ်အစိုးရရုံးက ဒုတိယညွှန်ကြားရေးမှူး ဦးစောထွန်းဦးက ပြောပါတယ်။ 

အဆိုပါပိုးတွေ့လူနာ အမှတ် ၁၂၆၁ ဟာ သြဂုတ် ၂၃ ‌ရက်နေ့က မိခင်တပ်ရင်းဆီ ပြန်ရောက်လာပြီး လက်ရှိ အောင်ပန်းမြို့ ကုတင် ၁၀၀၀ တပ်မတော်ဆေးရုံမှာ အသွားအလာကန့်သတ်ထားရှိသူဖြစ်ပါတယ်။ 

ပိုးတွေ့ရှိခဲ့တဲ့ တပ်မတော်သားဟာ စက်တင်ဘာ ၂ ရက်နေ့က အတည်ပြုခဲ့တဲ့ လူနာအမှတ် ၉၉၇ နဲ့အတူ ရခိုင်ပြည်နယ် ရှေ့တန်းကနေ ပြန်လည်ရောက်ရှိသူလည်း ဖြစ်ပါတယ်။ 

ဒါကြောင့် လူနာအမှတ် ၉၉၇ နဲ့ ထိစပ်ခဲ့သူတွေကို စစ်ဆေးကြည့်ရာမှာတော့ အခြားသူတွေဆီမှာ ပိုးမတွေ့ရှိရဘူးလို့ ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုးကေသီနိုင်က သူ့ရဲ့ လူမှု ကွန်ယက်မှာ ရေးသားဖော်ပြထားပါတယ်။ 

အခု ကူးစက်ရောဂါပိုးတွေ့ရှိတဲ့ လူနာအမှတ် ၁၂၆၁ နဲ့ ထိတွေ့မှုရှိတဲ့ တပ်မတော်သားအပြင် အခြားထိစပ်သူ အရေအတွက်ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အတည်ပြုနိုင်ခြင်း မရှိခဲ့ပါဘူး။ 

လက်ရှိမှာတော့ စက်တင်ဘာ ၅ ရက်နေ့ နေ့လယ်ပိုင်းအထိ ရှမ်းပြည်နယ်အတွင်းမှာ တပ်မတော်သား အပါအဝင် ပိုးတွေ့လူနာ ၁၂ ဦးရှိနေပါတယ်။

နန်းစံပါယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013