DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းနေထိုင်သူများကြောင့် ဘားအံမဲစာရင်း ပြန်စိစစ်ရာတွင် အခက်အခဲရှိနေ
DVB
·
September 4, 2020
ရွှေ့ပြောင်းနေထိုင်သူများကြောင့် ဘားအံမဲစာရင်း ပြန်စိစစ်ရာတွင် အခက်အခဲရှိနေ
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ရွှေ့ပြောင်းနေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကြောင့် မဲစာရင်းပြည်လည်စိစစ်ရာမှာ အခက်အခဲရှိနေတယ်လို့ ဘားအံမြို့နယ်၊ မဲစာရင်းစိစစ်ရေးကော်မတတီ ဒုဥက္ကဋ္ဌ (ဒုမြို့နယ်အုပ်ချုပ်ရေးမှူး) ဦးလှိုင်ကျော်စိုးက ဒီဗွီဘီကို ပြောပါတယ်။

ဘားအံမြို့ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းမှာ စက်တင်ဘာ ၄ ရက်နေ့က အထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကြေညာတဲ့ မဲဆန္ဒရှင်စာရင်းတွေကို ပြန်လည်စိစစ်တွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး အခုလို ပြောဆိုခဲ့တာပါ။

မဲဆန္ဒရှင်စာရင်း ပြန်လည်စိစစ်ရာမှာ ပထမအကြိမ် မဲဆန္ဒနယ် စာရင်းထဲက ပုံစံ ၃-က နဲ့ လျှောက်ထားသူ၊  ပုံစံ ၄ နဲ့ ကန့်ကွက်သူ၊ ပုံစံ ၄-ဂ နဲ့ အချက်အလက်ပြင်ဆင်ရတဲ့သူတွေရှိပါတယ်။

“မဲစာရင်းပြန်လည်စိစစ်ရာမှာ အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းလာရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဟာ နိုင်ငံသားစစ်ဆေးရေးကတ်ပြား၊ အချက်အလက် ပြည့်စုံမှုမရှိတာတွေ အခြားအခက်အခဲတွေလည်း ရှိတယ်” လို့ ဦးလှိုင်ကျော်စိုးက ဆိုပါတယ်။

၂၀၁၉ ဇွန်လက စတင်ပြီး ၂၀၂၀ ဇွန်လအထိ ကောက်ခံထားရရှိထားတဲ့ အချက်အလက်တွေအရ မဲပေးပိုင်ခွင့်ရှိသူ ၁၁ သိန်းနီးပါးရှိပြီး မဲဆန္ဒနယ်စာရင်းတွေကို ပြန်လည်စိစစ်နေသလို စိစစ်ပြီးစာရင်းတွေကို စက်တင်ဘာ ၂၀ ရက်နေ့မှာ ပြန်လည်‌ကြေညာသွားမယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကနေ သိရပါတယ်။

၂၀၁၀-၂၀၁၅ ရွေးကောက်ပွဲမှာ မသမာမှုလေးတွေရှိခဲ့တဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ သမာသမတ်ကျပြီး မှန်မှန်ကန်ကန်ဖြစ်စေချင်တယ်လို့ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေက ဆိုပါတယ်။

ကရင်ပြည်နယ်အတွင်း လူဦးရေ ၁၅ သိန်းကျော်၊ ကျေးရွာပေါင်း ၂၀၀၀ ကျော်ရှိပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေအတွင်း ဖွင့်လှစ်ခွင့်ရရှိတဲ့ မဲရုံတွေအပါအဝင် မဲရုံပေါင်း ၈၅၀ ကျော် ကို ကျေးရွာအုပ်စု ၄၆၂ စုအတွင်းက  မဲရုံပေးပိုင်ခွင်ရှိတဲ့ ကျေးရွာအုပ်စု ၄၀၇ စုမှာ မဲရုံဖွင့်လှစ်သွားမှာပါ။

၂၀၁၅ ခုနှစ်က မဲရုံပေါင်း ၆၅၆ ရုံ၊ တပ်မဲရုံ ၄၄ ရုံ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်ပေါင်း ၂၆၁ ဦးရှိပြီး ၂၀၂၀ ပြည့်နှစ်အတွက် ကိုယ်စားလှယ်လောင်း ၂၃၃ ဦး  စာရင်းတင်သွင်းထားတယ်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ကရင်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။

ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013