DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်း ၇ မြို့နယ်ကလာသူများ မော်လမြိုင်တွင် ရောဂါ ရှိ မရှိ နှစ်ကြိမ် စစ်ဆေးခံရမည်
DVB
·
September 4, 2020
ရန်ကုန်တိုင်း ၇ မြို့နယ်ကလာသူများ မော်လမြိုင်တွင် ရောဂါ ရှိ မရှိ နှစ်ကြိမ် စစ်ဆေးခံရမည်
Donate to DVB

ရန်ကုန်တိုင်း မြို့နယ် ၇ မြို့နယ်က လာတဲ့သူတွေ မော်လမြိုင်ရောက်ရင် သတ်မှတ်ထားတဲ့ Quarantine Camp တွေမှာ ၁၄ ရက်အကြာ စောင့်ကြည့်ခံပြီး ရောဂါ ပိုး ရှိ မရှိ နှစ်ကြိမ် စစ်ဆေးခံရမယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းက သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတနဲ့ လှိုင်မြို့နယ် အပါအဝင် မြို့နယ် ၇ မြို့နယ်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်နေ့မှာ နေအိမ်အတွင်း နေထိုင်ဖို့ Stay at home သတ်မှတ်ထားတာပါ။

ဒါကြောင့် အဲဒီမြို့နယ်နေသူတွေ မော်လမြိုင်လာရင် သတ်မှတ်ထားတဲ့ Quarantine Camp  တွေမှာ ၁၄ ရက်အကြာ စောင်ကြည်ခံပြီး ရောဂါပိုး ရှိ မရှိ နှစ်ကြိမ် စစ်ဆေးခံရမယ်လို့ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောပါတယ်။

အဲဒီမြို့နယ်နေသူတွေဟာ သတ်မှတ်ထားတဲ့ စောင့်ကြည့် camp တွေမှာ ၁၄ ရက်အကြာ စောင့်ကြည့်ခံပြီးနောက် ရောဂါပိုး ၂ ကြိမ် စစ်ဆေးပြီး ရောဂါပိုး မတွေ့ရှိရင် နေအိမ်မှာ ၇ ရက်အကြာ Home quarantine ဆက်လက်နေထိုင်ပြီးမှ လိုရာ ခရီးဆက်သွားခွင့်ရှိမှာ ဖြစ်ပါတယ်။

အခုအခါမှာတော့ အဲဒီမြို့နယ်က လာသူတွေကို ကားဂိတ်နဲ့ ဘူတာရုံတွေ လိုက်လံ စစ်ဆေးပြီး Quarantine Camp  တွေကို ပို့ဆောင်နေတာလို့ မော်လမြိုင် လူမှုကယ်ဆယ်ရေးအဖွဲ့ အတွင်းရေးမှူး ကိုဇင်မိုးက ပြောပါတယ်။

မွန်ပြည်နယ်မှာ အခုအခါ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းက နေအိမ်အတွင်း နေထိုင်ဖို့ Stay at home သတ်မှတ်ထားတဲ့ မြို့နယ်တွေက လာတဲ့သူတွေကို quarantine စတင် ထားရှိနေပြီး ဖြစ်ပါတယ်။

ဒါအပြင် မော်လမြိုင်မြို့ပေါ်ရပ်ကွက် ၂ ခုဖြစ်တဲ့ စစ်ကဲကုန်းနဲ့ မုပွန်ရပ်ကွက်ကိုလည်း ပြည်နယ်အစိုးရအဖွဲ့ Stay at home သတ်မှတ်ထားတာပါ။

မွန်ပြည်နယ်အတွင်းမှာ စက်တင်ဘာ ၃ ရက် ညနေပိုင်းအထိ ကိုဗစ်လူနာအမှတ် ၄၈၂ အပါအဝင် လူနာ ၁၄ ဦးအထိ ရှိလာခဲ့ပါတယ်။

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013