DVB Logo
Home
မြန်မာသတင်း
မြောက်ဒဂုံ Capital Supermarket ဝန်ထမ်းတဦး ဖျားနာသဖြင့် ဆေးရုံပို့ (ဓာတ်ပုံ)
DVB
·
September 4, 2020
မြောက်ဒဂုံ Capital Supermarket ဝန်ထမ်းတဦး ဖျားနာသဖြင့် ဆေးရုံပို့ (ဓာတ်ပုံ)
1 / 7
Donate to DVB

အတည်ပြုလူနာအမှတ် ၁၀၂၄ လုပ်ကိုင်ခဲ့တဲ့ မြောက်ဒဂုံ Capital Supermarket က နောက်ထပ် ဝန်ထမ်းတဦး ဖျားနာနေတာကြောင့် ဆေးရုံပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ မြောက်ဒဂုံမြို့နယ် Capital Supermarket ကို အသွားအလာ ကန့်သတ်ထားပြီး ကိုဗစ်-၁၉ အတည်ပြုလူနာအမှတ် ၁၀၂၄ နေထိုင်တဲ့ တောင်ဥက္ကလာပမြို့နယ်ရှိ နေအိမ်လိုင်းခန်းနဲ့ လမ်းအား Lockdown ပြုလုပ်ထားတယ်လို့ သိရပါတယ်။

သြဂုတ်လအတွင်း မြောက်ဒဂုံ capital ကို သွားရောက်ထားသူတွေအနေနဲ့ မိမိအသိစိတ်နဲ့ သတင်းပေးပို့ကျန်းမာရေးစစ်ဆေးမှုခံယူကြဖို့နဲ့ လိုက်နာမှုမရှိပါက CCTV Record တွေ ကြည့်ရှုပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

တကျော့ပြန်ကိုဗစ်ကြောင့် လက်ရှိအချိန် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ၇ ခုကို နေအိမ်အတွင်းနေထိုင်ကြဖို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

Photo - Ye Myo Khant / MPA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013