DVB Logo
Home
မြန်မာသတင်း
ကိုယ်ဝန်ဆောင်မိခင် ထောက်ပံ့ကြေးအတွက် ​စက်တင်ဘာ ၁၅ ရက် နောက်ဆုံး စာရင်းပေးရမည်
DVB
·
September 3, 2020
ကိုယ်ဝန်ဆောင်မိခင် ထောက်ပံ့ကြေးအတွက် ​စက်တင်ဘာ ၁၅ ရက် နောက်ဆုံး စာရင်းပေးရမည်
Donate to DVB

ကိုဗစ်-၁၉ ကပ်ဘေးကာလမှ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် " ငွေဗိုက် " အစီအစဉ်နဲ့ ငွေကြေးထောက်ပံ့ပေးနိုင်ဖို့အတွက် ​စက်တင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းကြဖို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အသိပေးကြေညာထားပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ သြဂုတ် ၁၁ ရက်ကစတင် စာရင်းပေးသွင်းဖို့ လူကယ်ပြန်ဌာနက ကြေညာထားတာဖြစ်ပြီး ထောက်ပံ့မယ့်ငွေကြေးကိုလည်း ဝန်ကြီးဌာနကနေ တစ်ယောက်ချင်းစီ လိုက်လံပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာနက ဦးစီးအရာရှိ ဒေါ်မြတ်မြတ်စိုးက "ခရိုင်လူမှု ဝန်ထမ်းအနေနဲ့ သြဂုတ် ၂၅ရက်ကစပြီး တစ်မြို့နယ်ချင်းစီကို လက်ကမ်းစာစောင်ဝေတာတွေ၊ ဆေးရုံတွေနဲ့ မိခင်နဲ့ကလေးဌာနတွေမှာ ပိုစတာကပ်တာတွေစတဲ့ အသိပညာပေး လုပ်တာတွေကို ပြုလုပ်ပေးနေပါတယ်၊ အဓိကက ကိုယ်ဝန်ဆောင်တွေအနေနဲ့ စာရင်းပေးသွင်းမှ ထောက်ပံကြေး ရမှာဖြစ်တယ်" လို့ ပြောပါတယ်။

စာရင်းပေးသွင်းရာမှာ ဖုန်းအက်ပလီကေးရှင်းဖြစ်တဲ့ Ngwebike application ကနေ စာရင်းပေးသွင်းလို့ရသလို လူမှုဝန်ထမ်းရုံးတွေကိုလည်း သွားရောက် ပေးသွင်းနိုင်ပြီး၊ ကိုယ်ဝန်ဆောင်မိခင် တစ်ဦးကို ထောက်ပံ့ငွေ ကျပ် ၃၀၀၀၀ စီ စက်တင်ဘာ ၂၀ ရက်နေ့ နောက်ပိုင်းမှာ ​မိုဘိုင်းငွေလွှဲခြင်းနဲ့ တိုက်ရိုက်ငွေသားထုတ်ယူခြင်း အစီအစဉ်တွေနဲ့ ဆောင်ရွက်မှာဖြစ်တယ်လို့  သာယာဝတီလူမှုဝန်ထမ်းဦးစီးဌာနက​ သိရှိရပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေး ကာလအတွင်း ပြည်သူလူထု​ရဲ့ လူမှုစီးပွားဘဝတွေ အပေါ်သက်ရောက်မှုတွေ လျော့ပါးသက်သာစေဖို့ ရည်ရွယ်လုပ်ဆောင်တာလို့ လူမှုဝန်ထမ်းဦးစီဌာန ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

ဖုန်းအက်ပလီကေးရှင်းDownload ဆွဲရာမှာ အောက်ပါ linkကို အသုံးပြုနိုင်ပါတယ်။

https://gofile.io/d/d6pmoX

Download ဆွဲပုံအဆင့်ဆင့်ကို အောက်ပါ  link မှာလည်း ကြည့်ရှုနိုင်ပါတယ်။ 

https://www.facebook.com/159937088167544/videos/2852321461540733/?vh=e&extid=fgop3l7rTu3y39TF

သတင်း - ဝဏ္ဏထွန်း၊ ဓာတ်ပုံ - သာယာဝတီခရိုင် လူမှုဝန်ထမ်းဦးစီဌာန

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013