DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ ၆၄၇ ဦးကို အရေးယူ 
DVB
·
September 3, 2020
ရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ ၆၄၇ ဦးကို အရေးယူ 
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးအတွင်း ညမထွက်ရအမိန့်အား ဖောက်ဖျက်ကျူးလွန်သူ ၆၄၇ ဦးကို အရေးယူထားတယ်လို့ ရန်ကုန်ရဲတပ်ဖွဲ့က ဒီကနေ့ မနက် သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂ ရက်နေ့က ရန်ကုန်တိုင်းမှာ ညမထွက်ရအမိန့် ဖောက်ဖျက်ကျူးလွန်သူ အမျိုးသား ၆၁၈ ဦးနဲ့ အမျိုးသမီး ၂၉ ဦး စုစုပေါင်း  ၆၄၇ ဦး၊  မော်တော်ယာဉ် ၁၁၁ စီးနဲ့ ဆိုင်ကယ် ၁၈ စီတို့ကိုလည်း  ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ နဲ့ အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်က ပြည်သူအများစု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်း လိုက်နာမှု အားနည်းလာတဲ့ အကြောင်းနဲ့  ကန့်သတ်ထားတဲ့ကြားက  ဖွင့်လှစ်နေတဲ့ Night Club တွေကို  ထိထိရောက်ရောက် အရေးယူဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မနေ့က အွန်လိုင်းကကျင်းပတဲ့ ဆွေးနွေးပွဲမှာ  ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတွေ့ရှိထားတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၁၀၅၈ ဦးထဲမှာ  ရန်ကုန်က ၄၄၃ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ခဲ့တဲ့ လူနာသစ် ၆၃ ဦးထဲမှာလည်း  ရန်ကုန်တိုင်းက ၃၆ ဦးပါဝင်ပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013