ဖောရက်စ်အတွက် အန်ဒါဆန် ချေပဂိုးသွင်းယူ
DVB
·
May 11, 2026
နော်တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ အဲလီးယော့တ် အန်ဒါဆန်ဟာ မိခင်ဖြစ်သူရဲ့ ဈာပနပြီးဆုံးပြီး ၄၈ နာရီအကြာမှာပဲ ကလပ်ဟောင်း နယူးကာဆယ်နဲ့ပွဲစဉ်မှာ အဖိုးတန်ချေပဂိုး သွင်းယူပေးခဲ့ပြီး စိတ်ဓာတ်ကြံ့ခိုင်မှုကို ပြသခဲ့ပါတယ်။
ဒီသရေရလဒ်ဟာ ဖောရက်စ်အသင်းကို ပရီးမီးယားလိဂ်မှာ တန်းမဆင်းရဘဲ လွတ်မြောက်စေခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် အန်ဒါဆန်ရဲ့ စွမ်းဆောင်ရည်အပေါ် နည်းပြ ဗီတာပယ်ရီယာက အထူးချီးကျူးခဲ့ပြီး လက်ရှိမှာတော့ သူ့ကိုခေါ်ယူဖို့ မန်ချက်စတာကလပ် ၂ သင်းစလုံးက စိတ်ဝင်စားနေကြပါတယ်။










