DVB Logo
Home
မြန်မာသတင်း
ပုသိမ်နှင့် မြောင်းမြတွင် အခြေခံလူတန်းစားများအတွက် Mask  ၁၀၀၀၀ ခန့်အခမဲ့ပေးဝေ
DVB
·
September 1, 2020
ပုသိမ်နှင့် မြောင်းမြတွင် အခြေခံလူတန်းစားများအတွက် Mask  ၁၀၀၀၀ ခန့်အခမဲ့ပေးဝေ
1 / 7
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နဲ့ မြောင်းမြမြို့တွေမှာ သြဂုတ် ၃၀ ရက်နဲ့ ၃၁ ရက်နေ့တွေမှာ အရပ်ဖက်အဖွဲ့အစည်းတွေက အခြေခံလူတန်းစားတွေအတွက် Mask အခုရေ ၁၀၀၀၀ နီးပါးကို အခမဲ့ပေးဝေခဲ့ပါတယ်။

ပုသိမ်မြို့မှာ သြဂုတ် ၃၀ ရက်က လူငယ်တွေ ဦးဆောင်တဲ့ စေတနာရှင်ဘက်စုံ ပရဟိတ လူငယ်အသင်းက မြို့ရဲ့လူစည်ကားရာနေရာ ၄ ခုမှာ အခြေခံလူတန်းစားတွေအတွက် Mask အခုရေ ၅၀၀၀ ကိုပေးဝေခဲ့တယ်လို့ အသင်း ဥက္ကဋ္ဌ ကိုအောင်ကျော်စိုးက ပြောပါတယ်။

“အဓိက လူစည်ကားတဲ့ နေရာတွေနဲ့ စျေးတွေမှာ လိုက်ပြီးပေးဝေခဲ့ပါတယ်၊ ပြီးတော့ အဖွဲ့ကလူတွေက အကလေးတွေနဲ့ ကိုဗစ်ရောဂါကာကွယ်ရေးအတွက် အသိပညာပေး အကလေးတွေ ကပြီး သရုပ်ဖော်တာမျိုးတွေလည်း လုပ်ပါတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက်ပိုင်းမှာ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ Mask စျေး အဆမတန်မြင့်တက်သွားသလို ဝယ်ယူဖို့ အတွက် စျေးကွက်ထဲမှာ ဝယ်မရအောင် ပစ္စည်းပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ တိုင်းအတွင်းက မြို့နယ်တွေမှာ အခြေခံလူတန်းစားတွေ ရောဂါကာကွယ်နိုင်ဖို့အတွက် လူစည်ကားတဲ့နေရာတွေနဲ့ စျေးတွေမှာ Mask တွေကို အခမဲ့ပေးဝေတာတွေ ပြုလုပ်လာတာပါ။

မြောင်းမြမြို့မှာလည်း သြဂုတ် ၃၁ ရက်က ဧရာဝတီလူငယ်ကွန်ရက်က မြောင်းမြအခြေစိုက် လောကမြင်ကွင်းစောင့်ကြည့်ကူညီခြင်းအဖွဲ့နဲ့ ပူးပေါင်းပြီး စျေးတွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ Mask အခုရေ ၄၇၀၀ ကျော် အခြေခံလူတန်းစားတွေအတွက် အခမဲ့ပေးဝေခဲ့ပါတယ်။

ဧရာဝတီလူငယ်ကွန်ရက်မှ စိန်နန်းကြည်က “ ကိုဗစ်ကာလမှာ အခြေခံပြည်သူတွေ ကျန်းမာရေးအရ အကာအကွယ်ရစေချင်လို့ပါ၊ အတတ်နိုင်ဆုံး ပြည့်စုံအောင် တအိမ်ကို ၃ ခုပါတဲ့ Mask ၂ ထုပ်၊ လူများရင် ၃ ထုပ် ပေးဖြစ်ပါတယ်။ အပြင်သွားရင် Mask တပ်ပြီးသွားလာဖို့နဲ့ မနှမြောဖို့လည်း ပြောဆိုခဲ့ပါတယ်” လို့  ပြောပါတယ်။

ဧရာဝတီတိုင်း ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ရေးကော်မတီအနေနဲ့ တိုင်းအတွင်းက ပြည်သူတွေ အနေနဲ့ နေအိမ်ပြင်ပသွားလာရင် Mask တပ်သွားလာဖို့နဲ့ မတပ်ဆင်ဘဲသွားလာရင် ပြင်းထန်စွာ အရေးယူမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသလို အရေးယူမယ့်ရက်မတိုင်ခင်မှာတော့ တိုင်းအတွင်းက မြို့နယ် ကိုဗစ်ရောဂါတုံ့ပြန်ရေးကော်မတီတွေက ပြည်သူတွေကို Mask အခမဲ့ ပေးဝေခဲ့ပါတယ်။

သတင်း- မင်းထက်မုန်း(ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013