DVB Logo
Home
Lead Story
၂၉ နှစ်ပြည့် မွေးနေ့အမှတ်တရ ထွက်ရှိလာသည့် နီနီခင်ဇော်သီချင်းသစ်-“Hope”(ရုပ်သံ)
DVB
·
August 31, 2020
၂၉ နှစ်ပြည့် မွေးနေ့အမှတ်တရ ထွက်ရှိလာသည့် နီနီခင်ဇော်သီချင်းသစ်-“Hope”(ရုပ်သံ)
Donate to DVB

ဒီကနေ့မှာ အသက် ၂၉ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ပရိသတ်အချစ်တော် တေးသံရှင် နီနီခင်ဇော်က သူ့ရဲ့ မွေးနေ့အမှတ်တရ သီချင်းသစ်တပုဒ်ကို ပရိသတ်တွေအတွက် သီဆိုမျှ ဝေထားခဲ့ပါတယ်။

       “Happy 29th Birthday… ကျမအားငယ်​နေတိုင်း​ ကိုယ်ကိုကိုယ့်ထွေး​​ပွေ့ထား နိုင်ဖို့ ကျမမှာလက်အစုံရှိခဲ့တယ်… လဲကျတဲ့အချိန်တိုင်းပြန်ထဖို့ ​​​ခြေအစုံပိုင်ဆိုင်ထားတယ်… အခက်အခဲ​ တွေကို ရင်ဆိုင်နိုင်ဖို့ အဆင်​ပြေသွားမှာပါဆိုတဲ့ အား​ပေးစကား​ပြော​ပေးဖို့ ကိုယ်ကိုယ်တိုင်ရှိ ခဲ့တယ်… ဟိုးတိမ်လွှာ​တွေအထိပျံသန်းနိုင်ဖို့ ပရိသတ်ခွန်အား​တွေနဲ့ တစတစစီပြုလုပ်ထားတဲ့ အ​တောင်အစုံရှိခဲ့တယ်… "ကိုယ့်အတွက် ကိုယ်ကိုယ်တိုင်ရှိတယ်… (ယ​နေ့အချိန်အထိ ​ကောင်းရာ​တွေကို သင်ပြ​ပေးခဲ့တဲ့ တည့်မတ်​ပေးခဲ့တဲ့ မိဘ ၊ဆရာသမား ၊သူငယ်ချင်းများ၊ ပရိသတ်များကို​ကျေးဇူးတင်လျှက်)… HOPE သီချင်း ကို Ni Ni Khin Zaw Youtube Channel မှာတင်ထားတာဖြစ်လို့ အရင်ဆုံးအား​ပေးနိုင်ပါပြီ”

ဂီတလောကမှာ ဆယ်စုနှစ်တစုကို အရှိန်အဟုန်နဲ့ ဖြတ်သန်းခဲ့ပြီး ရပ်တန့်မနေဘဲ ကြိုးစားနေခဲ့တဲ့ နီနီခင်ဇော်ဟာ ၂၀၀၈ ခုနှစ်၊ The Best Of Melody World သီချင်း ဆို ပြိုင်ပွဲကတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့ပြီး အဲဒီနှစ်မှာပဲ Winner ဆုကို ရရှိခဲ့ပါ တယ်။

တဆက်တည်းမှာပဲ အဲဒီအယ်လ်ဘမ်ထဲက ရန်သူ၊ အဝေးရောက်နေပါသော်လည်း၊ ရပ် စတဲ့ သီချင်းတွေဟာ ပရိသတ်ဆီ အရှိန်ပြင်းပြင်းနဲ့ ရောက်ရှိခဲ့ပြီး အားပေးမှု ရရှိခဲ့ပါတယ်။

အဲဒီနောက်တော့ သူဟာ အတွဲသီချင်းအယ်လ်ဘမ်တွေမှာရော တကိုယ်တော် တေးအယ်လ်ဘမ်တွေပါ ထွက်ရှိခဲ့ပြီး ဂီတပြေးလမ်းပေါ်မှာ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ Mario(မာရီယို)၊ Red(အနီရောင်)၊ U(ယူ)၊ ပါတီခင်ဇော် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ၄ ချပ်ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

တေးသံရှင် နီနီခင်ဇော်ဟာ အောင်မြင်ပြီး ပရိသတ်လက်ခံအားပေးတဲ့ တေးသီချင်း ပေါင်းများစွာကို သီဆိုခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက လက်ခံကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲမှာတော့ အဖွင့်သီချင်းကို နီနီခင်ဇော်က သီဆိုခဲ့ရကာ  သွေးချင်းတို့ဌာနေ မြန်မာပြည်၊ ထာဝရမြန်မာ၊ ပြန်ဆုံမယ် သီချင်းတွေဟာ လည်း သူ့ကို နာမည်ကြီး လူသိများလာစေတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

အဆိုတော် ဆောင်းဦးလှိုင် ရေးစပ်ပြီး နီနီခင်ဇော် သီဆိုထားတဲ့ မျှော်လင့်ချက်တစုံ တရာ သီချင်းဟာ လူသိများ ထင်ရှားခဲ့သလို ဂီတနယ်ပယ်မှာ ဆုတွေ အများကြီး ချီးမြှင့်ခံခဲ့ရတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

ခုထွက်ရှိလာတဲ့ “Hope” သီချင်းကိုတော့ ကိုရီးယားက Music Producer တယောက်နဲ့အတူ နီနီခင်ဇော်ကိုယ်တိုင်ရေးစပ်ထားတာဖြစ်ပြီး ဘဝရဲ့အချိုးအကွေ့ အခက်အခဲတွေကြားမှာ ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်ကို မေးခွန်းထုတ်ထားတဲ့ သူ့ရဲ့ ဘဝဖြတ်သန်းမှုတွေအကြောင်းကို ထည့်သွင်းသီဆိုထားခဲ့ပြီး တမူထူးခြားတဲ့ အနုပညာရသ တမျိုးနဲ့ ပရိသတ်တွေ အမှတ်ရစေမှာပဲ ဖြစ်ပါတယ်။

ဂီတဘက်မှာသာမက သရုပ်ဆောင်အလုပ်ကိုလည်း ဝါသနာပါတဲ့ နီနီခင်ဇော်ဟာ "အိပ်မက်ကာရန်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း သရုပ်ဆောင် နေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

နောက်ပြီး ကိုယ်တိုင်ထုတ် Super Red အလှကုန်တွေကိုလည်း အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်နိုင်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲ့ Myanmar’s Pride Award ဆုကိုလည်း ဆွတ်ခူးရရှိထားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013