DVB Logo
Home
မြန်မာသတင်း
နီနီခင်ဇော်၊ ပန်၊ ခင်ရတနာစိုး တို့ ဆန်းသစ်သီဆိုသည့် Stand By Me သီချင်း(ရုပ်သံ)
DVB
·
January 25, 2021
နီနီခင်ဇော်၊ ပန်၊ ခင်ရတနာစိုး တို့ ဆန်းသစ်သီဆိုသည့် Stand By Me သီချင်း(ရုပ်သံ)
Donate to DVB

“အတားအဆီးတွေများထဲ ငါ့ဘဝထဲ… ဝင်လာပြီးတော့ ငါ့ကိုချစ်ခဲ့တဲ့သူ Babe… အမြဲ တမ်းလို ငါငိုကြွေး… ဝမ်းနည်းနေလဲဟေ့… ရှင်သန်ဖို့အတွက် မင်းတကယ် ပေးခဲ့ အားတွေနဲ့… အို… ခရီးဆက်မယ်… ဟိုးအဝေးဆုံးထိ အတူရွက်လွင့်မယ်… ကိုယ့် ကမ္ဘာငယ်ထဲ… I'm not da perfect without You”

ဒါကို ကြားလိုက်တာနဲ့ ပရိသတ်တွေက နီနီခင်ဇော်ရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ Stand By Me ထဲက သီချင်းစာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။

နီနီခင်ဇော်ကိုယ်တိုင် ရေးစပ်သီဆိုခဲ့တဲ့ ဒီသီချင်းကို ခုတခါမှာတော့ The Voice Myanmar တေးသံရှင် ၂ ယောက်ဖြစ်ကြတဲ့ ပန်၊ ခင်ရတနာစိုးတို့နဲ့အတူ ဆန်းသစ်သီဆိုထားခဲ့တာကို တွေ့ရပါတယ်။

ဂီတလောကမှာ ဆယ်စုနှစ်တစုကို အရှိန်အဟုန်နဲ့ ဖြတ်သန်းခဲ့ပြီး ရပ်တန့်မနေဘဲ ကြိုးစားနေခဲ့တဲ့ နီနီခင်ဇော်ဟာ ၂၀၀၈ ခုနှစ်၊ The Best Of Melody World သီချင်း ဆို ပြိုင်ပွဲကတဆင့် ဂီတလောကထဲကို ရောက်ရှိလာခဲ့ပြီး အဲဒီနှစ်မှာပဲ Winner ဆုကို ရရှိခဲ့ပါတယ်။

တဆက်တည်းမှာပဲ အဲဒီအယ်လ်ဘမ်ထဲက ရန်သူ၊ အဝေးရောက်နေပါသော်လည်း၊ ရပ် စတဲ့ သီချင်းတွေဟာ ပရိသတ်ဆီ အရှိန်ပြင်းပြင်းနဲ့ ရောက်ရှိခဲ့ပြီး အားပေးမှု ရရှိခဲ့ပါတယ်။

အဲဒီနောက်တော့ သူဟာ အတွဲသီချင်းအယ်လ်ဘမ်တွေမှာရော တကိုယ်တော် တေးအယ်လ်ဘမ်တွေပါ ထွက်ရှိခဲ့ပြီး ဂီတပြေးလမ်းပေါ်မှာ လျှောက်လှမ်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ Mario (မာရီယို)၊ Red (အနီရောင်)၊ U (ယူ)၊ ပါတီခင်ဇော် စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ် ၄ ချပ်ထွက်ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

တေးသံရှင် နီနီခင်ဇော်ဟာ အောင်မြင်ပြီး ပရိသတ်လက်ခံအားပေးတဲ့ တေးသီချင်း ပေါင်းများစွာကို သီဆိုခဲ့သူဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံက လက်ခံကျင်းပခဲ့တဲ့ အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲမှာတော့ အဖွင့်သီချင်းကို နီနီခင်ဇော်က သီဆိုခဲ့ရကာ  သွေးချင်းတို့ဌာနေ မြန်မာပြည်၊ ထာဝရမြန်မာ၊ ပြန်ဆုံမယ် သီချင်းတွေဟာလည်း သူ့ကို နာမည်ကြီး လူသိများလာစေတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။

အဆိုတော် ဆောင်းဦးလှိုင် ရေးစပ်ပြီး နီနီခင်ဇော် သီဆိုထားတဲ့ မျှော်လင့်ချက်တစုံ တရာ သီချင်းဟာ လူသိများ ထင်ရှားခဲ့သလို ဂီတနယ်ပယ်မှာ ဆုတွေအများကြီး ချီးမြှင့်ခံခဲ့ရတဲ့ သီချင်းတပုဒ်ဖြစ်ပါတယ်။

ဂီတဘက်မှာသာမက သရုပ်ဆောင်အလုပ်ကိုလည်း ဝါသနာပါတဲ့ နီနီခင်ဇော်ဟာ “အိပ်မက်ကာရန်” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း သရုပ်ဆောင် နေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

နောက်ပြီး ကိုယ်တိုင်ထုတ် Super Red အလှကုန်တွေကိုလည်း အောင်အောင်မြင်မြင်နဲ့ ထုတ်လုပ်နိုင်ခဲ့သလို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲ့ Myanmar’s Pride Award ဆုကိုလည်း ဆွတ်ခူးရရှိထားပါတယ်။

နီနီခင်ဇော်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း သူ့ရဲ့ အသစ်ထွက်ရှိလာမယ့် တေးအယ်လ်ဘမ်မှာ အတူလက်တွဲလုပ်ကိုင်ဖို့အတွက် တေးရေးအသစ်တွေကို ခေါ်ယူခဲ့ပါသေးတယ်။

“Ohh You'r my reason… I love you… Ohh You'r my sunshine… thorugh the sky… You raise my hand… so let me fly… You are the one… who makes me feel… Thank you baby… Just stand by me”

အခါအားလျော်စွာ အနုပညာရှင်အသစ်တွေနဲ့ ဖန်တီးမှုတွေ လုပ်ဆောင်တတ်သူ နီနီခင်ဇော်ဟာ ခုတခါမှာလည်း သူကိုယ်တိုင် Coach တယောက်အနေနဲ့ ပါဝင်ခဲ့တဲ့ The Voice Myanmar Season 3 ရဲ့ ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ ပန်၊ ခင်ရတနာစိုးတို့နဲ့ လက်တွဲ သီဆိုဖန်တီးမှုကို ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013