DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူတွင် တစ်ရက်တည်း ကိုဗစ်လူနာ ၄၀ တွေ့ပြီးနောက် အရေးပေါ်နေရာ ပြင်ဆင်
DVB
·
August 31, 2020
ကျောက်ဖြူတွင် တစ်ရက်တည်း ကိုဗစ်လူနာ ၄၀ တွေ့ပြီးနောက် အရေးပေါ်နေရာ ပြင်ဆင်
Donate to DVB

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ တနေ့တည်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄၀ ထိရှိလာပြီးနောက် အရေးပေါ်ထားရှိနိုင်ဖို့အတွက် ကျောက်ဖြူမြို့ ဒေသခံတွေက စုပေါင်းလှူဒါန်းပေးနေတဲ့ငွေတွေနဲ့ နေစရာနေရာ စီစဉ် ဆောင်ရွက်နေရတယ်လို့ ကျောက်ဖြူမြို့ လူငယ်ခေါင်းဆောင် ဦးလှမျိုးကျော်က  ပြောပါတယ်။

“လူနာကတော့ မမျှော်မှန်းတာထက်များလာတဲ့ အခြေအနေရှိတာပေါ့နော်၊ ကျနော်တို့ ဒီအလှူငွေ လက်ခံရေးကော်မတီအနေနဲ့ ဆေးရုံဘက်အခြမ်းကိုတော့ နိုင်သလောက် အကူအညီ ပေးနေပါတယ်။ ကျနော်တို့ ပထမရှိတာကတော့ Positive လူနာ ကုတင် ၉ ယောက်စာလောက် ရှိတာပေါ့နော်၊ နောက်ထပ်သီးသန့် ၂၁ ယောက်စာ လုပ်တယ်။ ၃၀ စာလောက် ဖြစ်သွားတယ်၊ အခု ကျနော်တို့ လူ ၄၀ စာလောက်ဆန့်တဲ့ နေရာ တစ်ခုတော့ အဲဒီ Fever Corner ထပ်ကိုလုပ် နေတဲ့ အခြေအနေ ရှိတာပေါ့။ ဘာပဲပြောပြော ၇၀ စာလောက်ရှိမယ်။ အခုလောလောဆယ် အရေးပေါ် အနေနဲ့တော့ Quarantine စင်တာ တစ်ခုမှာပဲထားဖို့အတွက်လည်း စီစဉ်ထားတယ်။ အခက်အခဲတော့ ရှိတယ်။ ဒါပေမဲ့ ဆေးရုံဘက်က လိုတဲ့အခြမ်းတွေကို မြို့ စေတနာ့ဝန်ထမ်း အဖွဲ့တွေအနေနဲ့ နိုင်သလောက် အကူအညီပေးဖို့ ရှိပါတယ်။”

ကျောက်ဖြူမြို့က ကိုဗစ်ပိုးတွေ့လူနာတွေအတွက် သက်ဆိုင်ရာကျန်းမာရေးဌာနရဲ့ ကူညီတောင်းခံမှုတွေကို စေတနာရှင်တွေက ကူညီပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့ လူငယ်ခေါင်းဆောင် ဦးလှမျိုးကျော်က “အစိုးရအနေနဲ့ကတော့ ကျနော်တို့ ဒီဌာနဆိုင်ရာတွေကို ဥပမာဆေးရုံ ဘက်အခြမ်းတွေကို အကူအညီပေးတာတော့ ကျနော်တို့လည်း မသိဘူးပေါ့။ ဌာနနဲ့ အစိုးရနဲ့ သွားတဲ့အကန့်တွေလေ၊ ဒါပင်မဲ့ ဒီဘက်မှာ အရေးပေါ်လိုအပ်တဲ့ အကန့်တွေ ဒါတွေဒါတွေကို မြို့အနေနဲ့ အကူအညီပေးပါဦးဆိုတော့ ကျနော်တို့က အဲဒီမှာ ကုတင်တွေကို ရသလောက်ပေါ့။ အခုဆိုရင်ကုတင်အလုံး ၆၀/၇၀ မြို့က အလှူခံတယ်။ နောက် ပါတေးရှင်း လေလုံအခန်းတွေဖြစ်ဖို့အတွက် ကျနော်တို့မြို့က အလှူခံတယ်။ ပြီးတော့   အခန်းတွေ ကို ကန့်တယ်။ နောက်မြို့က လိုအပ်တဲ့အဝတ်လျှော်စက်တို့ ဘာတို့ လိုတယ်ထင်တာတွေကို ရှာပြီးလှူကြတယ်၊ အဲဒီလိုမျိုးပဲ ပူးပေါင်းဆောင်ရွက်နေတာပေါ့” လို့ ပြောပါတယ်။

ကျောက်ဖြူမြို့မှာ သြဂုတ် ၂၅ ရက်ကစပြီး သြဂုတ် ၃၁ ရက် မနက်ထိ ကိုဗစ်- ၁၉ လူနာ ၅၃ ဦးထိရှိလာကာ သြဂုတ် ၂၉ ရက် တစ်နေ့တည်းမှာ လူနာ ၄၂ ဦးထိရှိခဲ့တာကြောင့် ကျောက်ဖြူမြို့ဒေသခံတွေ စိုးရိမ်မှုတွေတိုးလာနေပါတယ်။

သတင်း- နောင်နောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013