DVB Logo
Home
မြန်မာသတင်း
ပြည်ပခရီးသွားရာဇဝင်မရှိသည့် ရခိုင်က ၁၁ ဦးနှင့် မင်္ဂလာဒုံက ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
DVB
·
August 31, 2020
ပြည်ပခရီးသွားရာဇဝင်မရှိသည့် ရခိုင်က ၁၁ ဦးနှင့် မင်္ဂလာဒုံက ၁ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့
1 / 2
Donate to DVB

ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ရခိုင်ပြည်နယ်က ၁၁ ဦးနဲ့ မင်္ဂလာဒုံမြို့နယ်က ၁ ဦး၊ စုစုပေါင်း ၁၂ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၀၀၀ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၃၇  ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် (၁၀၀၀) က ၉ ခု၊ စစ်တွေပြည်သူ့ဆေးရုံကြီးက ၉၈ ခုနဲ့ ကျောက်ဖြူ ပြည်သူ့ဆေးရုံကြီးက ၂၈ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၁၇၂ ခုအား ဒုတိယသုတ်အဖြစ် ထပ်မံစစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၂ ဦးတွေ့ရှိခဲ့တာပါ။

လူနာသစ် ၁၂ ဦးကတော့ ရခိုင်ပြည်နယ် ပုဏ္ဏာကျွန်းက ၆ ဦး၊ စစ်တွေက ၂ ဦး၊ ကျောက်ဖြူက ၃ ဦးနဲ့ မင်္ဂလာဒုံမြို့နယ်က အသက် ၄၂ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ဖြစ်ပါတယ်။

ကျောက်ဖြူမြို့က လူနာသစ် ၃ ဦးကတော့ အတည်ပြုလူနာအမှတ် ၅၀၅၊ ၆၅၀ တို့နဲ့ ထိတွေ့မှု ရှိခဲ့ပြီး ကျန်သူတွေက ထိတွေ့မှုမရှိခဲ့ပါဘူးလို့ ဆိုပါတယ်။

ပုဏ္ဏာကျွန်းက လူနာသစ်အမှတ် ၇၈၂၊ ၇၈၃၊ ၇၈၄၊ ၇၈၅ နဲ့ မင်္ဂလာဂုံက လူနာအမှတ် ၇၇၆ တို့ကတော့ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ရခိုင်ပြည်နယ်ကို ခရီးသွားရာဇဝင်ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အခုတွေ့ရှိတဲ့ လူနာသစ်အားလုံးမှာ စောင့်ကြည့်လူနာနဲ့ အသွားအလာကန့်သတ်ထားသူတွေဖြစ်ပြီး သက်ဆိုင်ရာဆေးရုံတွေမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။

မနေ့ညက ဓာတ်ခွဲနမူနာ ၁,၂၅၃ ခု အား စစ်ဆေးရာမှာလည်း ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ရခိုင်ပြည်နယ်က ၂၁ ဦးနဲ့ ရန်ကုန်တိုင်းက ၅ ဦး၊ စုစုပေါင်း ၂၆ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဩဂုတ် ၃၁ ရက် မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၇၈၇ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၃၅၂ ဦးထဲက ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီးသူ ၃၄၇ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၅၃ ဦးရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅ ဒသမ ၃ သန်းကျော်၊ သေဆုံးသူ ၈၅၀,၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၇ ဒသမ ၇ သန်းကျော် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013