ဩစတြေးလျနှင့် နယူးဇီလန်တွင် အခက်အခဲကြုံနေသည့် မြန်မာ ၁၃၆ ဦးကို ပြန်ခေါ် (ဓာတ်ပုံ)
DVB
·
August 30, 2020

1 / 5
ဩစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတို့မှာ အခက်အခဲ ကြုံနေကြတဲ့ မြန်မာနိုင်ငံသား ၁၃၆ ဦးကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၁၂၀ နဲ့ နယူးဇလန်နိုင်ငံက မြန်မာနိုင်ငံသား ၁၆ ဦး စုစုပေါင်း ၁၃၆ ဦးတို့ကို မြန်မာအမျိုးသား လေကြောင်း Myanmar National Airlines (MNA) UB-9802 နဲ့ ဒီနေ့မနက် ၁၁ နာရီမှာ ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ကနေ ရန်ကုန်မြို့ကို ပြန်လည်ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။










