အထည်ချုပ်စက်ရုံများ ကိုဗစ်ရောဂါ ကူးစက်မှုမရှိစေရေး ဆက်ထိန်းရန် ဝန်ကြီး တိုက်တွန်း
DVB
·
August 30, 2020
ရန်ကုန်တိုင်းက အထည်ချုပ်စက်ရုံတွေ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမရှိအောင် ဆက်လက်ထိန်းထားပြီး ကျန်းမာရေး လမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်ကြဖို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက တိုက်တွန်းလိုက်ပါတယ်။
သြဂုတ် ၂၉ ရက်နေ့က ရန်ကုန်မြို့ UMFCCI မှာ ပြုလုပ်တဲ့ ရန်ကုန်မြို့က အထည်ချုပ်လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံတဲ့ အစည်းဝေးမှာ ပြည်ထောင်စုဝန်ကြီးက အခုလို တိုက်တွန်းပြောဆိုခဲ့တာပါ။
ဒါ့အပြင် ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နေရပြီး ပြန်လည်ဦးမော့လာစေဖို့ အလေးထားဆောင်ရွက်နေသလို အထည်ချုပ်လုပ်ငန်းတွေအနေနဲ့ နိုင်ငံတကာရဲ့အထည်အမှာ အော်ဒါတွေ လျော့နည်းမှုတွေကြောင့် စက်ရုံရပ်တန့်နေရတာတွေ သိရှိရပြီး အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေကို ဥပဒေနဲ့အညီဖြစ်စေဖို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။
ဇာခြည်
