DVB Logo
Home
မြန်မာသတင်း
ကျောက်ဖြူ ကိုဗစ်လူနာ ၉ ဦးထဲ ကျန်းမာရေးဝန်ထမ်း ၆ ဦး ပါဝင်၊ လူနာများကို ဆက်လက် ‌စောင့်ရှောက်
DVB
·
August 29, 2020
ကျောက်ဖြူ ကိုဗစ်လူနာ ၉ ဦးထဲ ကျန်းမာရေးဝန်ထမ်း ၆ ဦး ပါဝင်၊ လူနာများကို ဆက်လက် ‌စောင့်ရှောက်
Donate to DVB

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ သြဂုတ် ၂၅ ရက်ကနေ ၂၉ ရက်နေ့ထိ ကိုဗစ်ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၉ ဦးအနက် ၆ ဦးက ကျန်းမာရေးဝန်ထမ်းတွေ ဖြစ်တယ်လို့ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးက သိရပါတယ်။

အခုလို ရခိုင်ပြည်နယ်မှာ ကျန်းမာရေးဝန်ထမ်းတွေေ ကိုဗစ်ကူးစက်ခံရမှုတွေ များလာတာဟာ ကိုဗစ်ကူးစက်ခံရသူတွေနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံနေရလို့ ဖြစ်သလို လက္ခဏာမပြတဲ့ သူတွေဆီကတဆင့် ကူးစက်ခံရတာဖြစ်ပါတယ်။

ကူးစက်မှုအနည်းဆုံးဖြစ်အောင် ကျန်းမာဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပေးဖို့နဲ့ လိုအပ်တဲ့ ကျန်းမာရေးသုံးပစ္စည်းတွေကို ထောက်ပံ့ပေးနေတယ်လို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ကိုယ်တို့ ကျန်းမာရေး ဝန်ထမ်းတွေကတော့ လုပ်ငန်းသဘောသဘာဝအရ PPE ဝတ်စုံဝတ်ထားပေမဲ့ ဆရာတို့တစ်ချိန်ချိန်မှာ ကိုဗစ်လို့ သံသယမရှိပေမဲ့ ရိုးရိုးသာမာန်ဖျားနာတာနဲ့ လာပြပြီးလည်း ကူးစက်သွားနိုင်တာပေါ့။ လုပ်ငန်းသဘောသဘာဝအရကို High Risk ရှိနေတာကို။ အဲတော့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတာ ဆရာတို့ လမ်းညွှန်ထားတာတွေရှိတယ်ပေါ့နော်၊ အဲဒါလေးတွေလိုက်နာဖို့ လည်းလိုပါတယ်။ ဆရာတို့ဘက်ကလည်း လိုအပ်တဲ့ပစ္စည်းတွေပေါ့၊ Mask တို့ဘာတို့ ကိုဗစ်ကာလမှာ ကြိုတင် ပြင်ဆင်ထားတာရှိတဲ့အတွက် ထောက်ပံ့ပေးထားနိုင်တယ်ပေါ့” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ကိုဗစ်ကူးစက်ခံနေရတဲ့သူတွေထဲ ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ တနေ့ထက်တနေ့ တိုးလာနေပေမဲ့ ကူးစက်ခံရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ကျန်းမာရေးကောင်းမွန်နေတာကြောင့် ကိုဗစ်ကူးစက်ခံနေရတဲ့ လူနာတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒေါက်တာစိုးဝင်းပိုင်က “ကျန်းမာရေးဝန်ထမ်းတွေက သူတို့ ကိုဗစ်လူနာဖြစ်သွားပေမဲ့ ရောဂါလက္ခဏာကလည်း အဲဒီလောက်ပြင်းပြင်းထန်ထန်မရှိဘူး။ ပုံမှန်လူအတိုင်း ဖြစ်နေတဲ့အတွက် ကိုဗစ်အဆောင်ထဲမှာပေါ့။ ဘယ်မြို့နယ်ပဲဖြစ်ဖြစ် ကျောက်ဖြူဆိုလည်း ကျောက်ဖြူ ကိုဗစ်ဆောင်ထဲမှာ။ သူတို့နဲ့အတူတူ Positive ဖြစ်နေတဲ့ လူနာတွေကို အနီးကပ်စောင့်ရှောက်ပေးလို့လည်း ရတာပေါ့နော်။ လူနာ ဖြစ်သွားပေမဲ့ ကိုယ့်ကျန်းမာရေးအလုပ်ကို ကိုယ်လုပ်နေမဲ့ အနေအထားရှိတာပေါ့နော်။ ဥပမာ ကိုဗစ်ဆောင်ထဲမှာ Temperature၊ Pulse Rate တိုင်းတာမျိုးတွေကို သူတို့ဝင်လုပ်ပေးတယ်”လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ် ၁၆ ရက်နေ့ကစတင်ပြီး ဒီနေ့မနက်ထိ ကိုဗစ်ကူးစက်ခံရသူ စုစုပေါင်း ၂၃၈ ဦးထိ ရှိလာနေပြီဖြစ်ပါတယ်။

ရောဂါကူးစက်ခံရသူတွေမှာ ပြည်တွင်းကူးစက်ခံခဲ့ရသူတွေအများဆုံး ပါဝင်ပြီး စစ်တွေမြို့နဲ့ ကျောက်ဖြူမြို့မှာတော့ ကျန်းမာရေးဝန်ထမ်းအများစုပါဝင်နေတာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေလည်း ရှိလာနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013