DVB Logo
Home
မြန်မာသတင်း
ရခိုင်မှ ပုသိမ်သို့ပြန်လာသူ ၁၂ ဦးကို ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေး
DVB
·
August 29, 2020
ရခိုင်မှ ပုသိမ်သို့ပြန်လာသူ ၁၂ ဦးကို ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ စစ်ဆေး
Donate to DVB

ရခိုင်ပြည်နယ်မှ ပုသိမ်မြို့ပြန်လာသူ ၁၂ ယောက်ကို  ပုသိမ်ဆေးရုံရှိ GeneXpert စက်နဲ့  ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ဓာတ်ခွဲနမူနာ စစ်ဆေးနေတယ်လို့ ပုသိမ်တိုင်းဆေးရုံအုပ်ကြီးက DVB ကို ပြောပါတယ်။

ပုသိမ်တက္ကသိုလ် နန္ဒဆောင်မှာ ရခိုင်ပြည်နယ်မှာ ပြန်လာသူ ၁၂ ယောက်ကို Quarantine ထားပြီး သြဂုတ် ၂၈ ရက်နေ့မှာ ၆ ယောက်နဲ့ သြဂုတ် ၂၉ ရက်နေ့မှာ ၆ ယောက်ကို စစ်ဆေးမယ်လို့ ဆိုပါတယ်။

ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်က “၁၂ ယောက်က မနေ့ညက ရောက်လာတယ်။ ဒီနေ့ ၁ နာရီကစပြီး ၁၂ ယောက်ကို စစ်ပါမယ်။ ဒီနေ့အနေအထားက ၆ ယောက်ပဲ စစ်ပါမယ်။ မနက်ဖြန်ကျရင် ၆ ယောက်စစ်ဖို့ ရှိပါတယ်။ စစ်တဲ့ဟာလည်း သတင်းထုတ်ပြန်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပုသိမ်ဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးမယ့်စက်ကို သြဂုတ် ၂၆ ရက်နေ့က တပ်ဆင်ခဲ့ပြီး၊ မြောင်းမြခရိုင်ဆေးရုံမှာ စက်တပ်ဆင်ထားတယ်လို့ သိရှိရပါတယ်။

ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ ကုသနိုင်ဖို့ ပုသိမ်ဆေးရုံမှာ ခုတင် ၂၀၊ မြောင်းမြဆေးရုံမှာ ၄ ခုတင်၊ ဟင်္သာတဆေးရုံမှာ ၆ ခုတင်၊ မအူပင်ဆေးရုံမှာ ၁၂ ခုတင်၊ ဖျာပုံဆေးရုံမှာ ၁၄ ခုတင်၊ လပွတ္တာဆေးရုံမှာ ၈ ခုတင် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

သြဂုတ် ၂၂ ရက်နေ့မှစတင်ပြီး ရခိုင်ပြည်နယ်က ဧရာဝတီတိုင်းကို လာရောက်သူတွေကို Quarantine ၁၄ ရက်ထားပြီး၊ swab နှစ်ကြိမ်ယူကာ ကိုဗစ် ရှိ၊ မရှိ စစ်ဆေးသွားမယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013