DVB Logo
Home
မြန်မာသတင်း
ရခိုင်က ၁၂ ဦးနှင့် တောင်ကြီးက ၁ ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
DVB
·
August 29, 2020
ရခိုင်က ၁၂ ဦးနှင့် တောင်ကြီးက ၁ ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Donate to DVB

ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ ရခိုင်ပြည်နယ်က ၁၂ ဦးနဲ့ တောင်ကြီးမြို့နယ်က ၁ ဦး တို့မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၇၃၂ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ၁၈၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) က  ၁၄၈ ခု၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင် (၁,၀၀၀) က ၈ ခု၊ ပြည်သူ့ဆေးရုံကြီး စစ်တွေမြို့က ၁၀၆ ခု၊ ပြည်သူ့ဆေးရုံကြီး ကျောက်ဖြူမြို့က ၁၂ ခု၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့က ၆ ခုနဲ့ ပြည်သူ့ဆေးရုံကြီး မူဆယ်မြို့က ၄ ခု၊ စုစုပေါင်း ၁၁၉၃ ခုအား စစ်ဆေးခဲ့ပြီး လူနာသစ် ၁၃ ဦး တွေ့ရှိခဲ့တာပါ။

တောင်ကြီးမြို့နယ်က လူနာအမှတ် ၆၅၂ က ပြည်ပနဲ့ ရခိုင်ပြည်နယ်ကို ခရီးသွားလာတာ မရှိဘဲ အတည်ပြုလူနာ ၄၄၇ နဲ့ ထိတွေ့မှု ရှိခဲ့တာကြောင့် အသွားအလာကန့်သတ်ထားသူ ဖြစ်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်က လူနာသစ်  ၁၂ ဦးထဲက မြောက်ဦးမြို့က လူနာသစ်အမှတ် ၆၅၃၊ ၆၅၄၊ ၆၅၅၊ ၆၅၆  တို့ကတော့ ပြည်ပ ခရီးသွားရာဇဝင်မရှိဘဲ လူနာအမှတ် ၅၇၄ နဲ့ ထိတွေ့မှု ရှိခဲ့တာကြောင့် အသွားအလာ ကန့်သတ်ထားသူတွေ ဖြစ်ပါတယ်။

ကျောက်ဖြူမြို့နယ်က လူနာသစ်အမှတ် ၆၅၀ က ပြည်ပခရီးသွားရာဇဝင်မရှိသလို အတည်ပြုလူနာတွေနဲ့ ထိတွေ့မှု မရှိခဲ့သူဖြစ်ပြီး လူနာသစ် ၆၅၁ ကတော့ အတည်ပြုလူနာအမှတ် ၆၀၄ နဲ့ ထိတွေ့မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်တွေမြို့က လူနာသစ်အမှတ် ၆၄၅၊ ၆၄၇၊ ၆၄၈၊ ၆၄၉ တို့ကတော့ ပြည်ပ ခရီးသွားရာဇဝင်မရှိသလို အတည်ပြုလူနာတွေနဲ့လည်း ထိတွေ့မှုမရှိခဲ့ဘဲ အသွားအလာကန့်သတ်ထားသူတွေလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြေပုံမြို့နယ်က လူနာသစ် အမှတ် ၆၄၄ နဲ့ ကျောက်တော်မြို့နယ်က ၆၄၆ တို့က ပြည်ပခရီးသွားရာဇဝင်မရှိဘဲ စစ်တွေမြို့ကို သွားလာခဲ့သူတွေဖြစ်တာကြောင့် အသွားအလာကန့်သတ်ထားသူတွေလို့ ဆိုပါတယ်။

မနေ့ညက ဓာတ်ခွဲနမူနာ ၁,၃၃၄ ခု ကို စစ်ဆေးပြီးစီးခဲ့ရာမှာလည်း ရန်ကုန်တိုင်းက ၅ ဦးနဲ့ ရခိုင်ပြည်နယ်က ၁၀ ဦး စုစုပေါင်း လူနာသစ် ၁၅ ဦး တွေ့ရှိခဲ့ပါတယ်။

အသစ်တွေ့ရှိတဲ့ လူနာအားလုံးကို သက်ဆိုင်ရာမြို့နယ် ဆေးရုံတွေမှာ ဆေးကုသမှု ခံယူစေမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆၅၆ ဦး၊ သေဆုံးသူ ၆ ဦး၊ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၃၄၉ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၃၉ ဦးနဲ့ စောင့်ကြည့်လူနာအသစ် ၆၁ ဦးရှိပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၈၄၀၀၀၀ ကျော်နဲ့ ရောဂါပိုးကင်းစင်လာသူ ၁၇ ဒသမ ၃ သန်းလောက် ရှိပြီလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013