DVB Logo
Home
မြန်မာသတင်း
မလေးရှားရောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို အစိုးရက ပြန်ခေါ်မည် 
DVB
·
August 28, 2020
မလေးရှားရောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများကို အစိုးရက ပြန်ခေါ်မည် 
Donate to DVB

မလေးရှားနိုင်ငံရှိ တရားမဝင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၀၀၀၀ ကျော်အနက်  ပထမအသုတ် ၁၃၀ ကျော်ကို မြန်မာနိုင်ငံသို့ အမြန်ဆုံး ပြန်လည်ခေါ်ဆောင်နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေတယ်လို့  မြန်မာနိုင်ငံခြားရေးဌာနက ဒီကနေ့  ထုတ်ပြန်ပါတယ်။

မလေးရှားရောက် တရားမဝင် မြန်မာအလုပ်သမားတွေကို မြန်မာနိုင်ငံသားအဖြစ် စိစစ်အတည်ပြုပြီး နေရပ် ပြန်နိုင်ရေးဆောင်ရွက်ရာမှာ မလေးရှားလူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းအရ ပေးဆောင်ရမယ့် ဒဏ်ကြေးကင်းလွတ် လျှော့ပေါ့ခွင့်ရရှိရေးအတွက် မြန်မာသံရုံးနဲ့ မလေးရှားသံရုံးတို့မှတဆင့် သံတမန်နည်းလမ်းနဲ့ရော သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးတဲ့နည်းလမ်းနဲ့ပါ  ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ကွာလာလမ်ပူမြို့ရှိ မြန်မာသံအမတ်ကြီးနဲ့ သံရုံးအရာရှိတွေက  မလေးရှား အာဏာပိုင်တွေနဲ့ သွားရောက်တွေ့ဆုံပြီး တရားမဝင် မြန်မာနိုင်ငံသား ၁၀,၀၃၀ ဦးအနက် နိုင်ငံသားစိစစ်ပြီး နေရပ် ပြန်ဖို့ အရေးပေါ်လိုအပ်နေသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ ကျန်းမာရေးမကောင်းသူတွေ စုစုပေါင်း ၁၃၁ ဦးကို အမြန်ပြန်လည်ပို့ဆောင်နိုင်ရေး ကူညီဆောင်ရွက်ပေးဖို့နဲ့ ဒဏ်ကြေးငွေ ကင်းလွတ်ခွင့်ပြုပေးဖို့ ဆွေးနွေးညှိနှိုင်း မေတ္တာရပ်ခံခဲ့တယ်လို့ဆို ပါတယ်။

မလေးရှားမှာ တရားမဝင်နေထိုင်သူတွေဟာ နေထိုင်တဲ့ သက်တမ်းကာလ ကျော်လွန်မှုအပေါ်မူတည်ပြီး ဒဏ်ကြေးပေးဖို့ သတ်မှတ်ထားပြီး အဆိုပါ မြန်မာနိုင်ငံသား ၁၃၁ ဦးကို  ဒဏ်ကြေးလျှော့ပေါ့ပေးမယ်ဆိုရင်  အနည်းဆုံးပမာဏကို သတ်မှတ်သွားဖို့ရှိကြောင်း၊ Special Pass အတွက် တစ်ဦးကို  ရင်းဂစ် ၁၀၀  ပေးဆောင်ရမှာဖြစ်ပြီး ကင်းလွတ်ခွင့်နဲ့ လျှော့ပေါ့ခွင့် မရနိုင်ကြောင်းနဲ့ အသက် ၁၈ နှစ်အောက်တွေကတော့  ဒဏ်ကြေးပေးဖို့ မလိုဘူးလို့ သိရတယ် ။

မြန်မာသံရုံးအနေနဲ့ ကနဦးမြန်မာနိုင်ငံသား ၁၃၁ ဦးနဲ့ ပတ်သက်လို့  မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထပ်မံတောင်းခံတဲ့ အချက်အလက်တွေကို ဖြည့်စွက်ပြီးနောက် ဩဂုတ် ၂၅ ရက်က မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနသို့ ပေးပို့ခဲ့ပြီး မလေးရှားဘက်မှ ဆုံးဖြတ်ချက်ကို စောင့်စားနေဆဲဖြစ်ပါတယ်။

မလေးရှားအစိုးရရဲ့ ခွင့်ပြုချက်ရရှိပါက မြန်မာအစိုးရအနေဖြင့် ကယ်ဆယ်ရေး လေယာဉ်တွေ စေလွှတ်ကာ မြန်မာအလုပ်သမားတွေကို ပြန်လည်ခေါ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013