DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွက် ရိက္ခာအပြတ်ခံမှာမဟုတ်ဘဲ အစိုးရက လိုသလောက် ထောက်ပံ့မည်
DVB
·
August 28, 2020
ရခိုင်ပြည်နယ်အတွက် ရိက္ခာအပြတ်ခံမှာမဟုတ်ဘဲ အစိုးရက လိုသလောက် ထောက်ပံ့မည်
Donate to DVB

ရခိုင်ပြည်နယ်အတွက် ရိက္ခာအပြတ်ခံမှာမဟုတ်ဘဲ လိုသလောက် ငွေကြေးကို အစိုးရက ထောက်ပံ့ပေးသွားမယ်လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊  ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင်နဲ့ စစ်တွေမြို့ရောက် Volunteer စောသော်မိုးအယ်တို့နဲ့ ဒီနေ့မနက်က အွန်လိုင်းကနေ ပြန်အလှန် ဆွေးနွေးရာမှာ ပြောသွားတာပါ။

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှုတွေများလာတဲ့အပေါ်မှာ ထိစပ်မှုရှိနေတဲ့ တခြား တိုင်းဒေကြီးနဲ့ပြည်နယ်တွေမှာ ကူးစက်မှုတွေမရှိအောင် ပိတ်ဆို့ထိန်းချုပ်နေတာကြောင့် ဒေသခံ ပြည်သူတွေက ရခိုင်ပြည်နယ်က ပြည်သူတွေ စားနပ်ရိက္ခာပြတ်သွားမှာကို စိုးရိမ်မှုရှိနေတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ပြောဆိုမှုအပေါ်မှာ အတိုင်ပင်ခံပုဂ္ဂိုလ်ကပြောသွားတာပါ။ 

အခုလို ကိုဗစ်ထိန်းချုပ်တဲ့ကာလမှာ ချမ်းသာကြွယ်ဝတဲ့နိုင်ငံမဟုတ်ပေမဲ့ ကျန်းမာရေး နဲ့ပတ်သတ်ပြီးလိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေနဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တင်ပြတဲ့ ကိုဗစ် အလှူငွေတွေကိုလည်း ဗဟိုကို မတင်ပြဘဲ သုံးစွဲဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်တယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောပါတယ်။

ရောဂါထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ရေးက အဓိကဖြစ်ပြီး ဒီကာလက စည်းလုံးညီညွတ်ရှိတာကို ပြဖို့ အခွင့်အလမ်းဖြစ်ပြီး ညီညွတ်မှု ပျက်ပြားအောင်လုပ်နေတာက နိုင်ငံအတွက်အကျိုးမရှိဘူးလို့ လည်းဆိုပါတယ်။

ရခိုင်ပြည်နယ်ဟာ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေနဲ့ မတူညီတဲ့ စိန်ခေါ်မှုတွေ အများကြီးရှိနေသလို စစ်ဘေးရှောင်စခန်းတွေမှာလည်း လူသိပ်သည်းမှုများတဲ့အတွက် စိုးရိမ်စရာ ကောင်းသလို ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သတ်ပြီး သုံးစွဲရမယ့် ဘဏ္ဍာငွေကြေးအပေါ်မှာ  စိုးရိမ်နေတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်

ရခိုင်ပြည်နယ်စစ်တွေက စောင့်ကြည့်ရေးစခန်းတွေမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့သူတွေထဲမှာ ၅ ရာခိုင်နှုန်းဝန်းကျင်သာ စေတနာ့ဝန်ထမ်းတွေဖြစ်ပြီး ကျန် ၉၅ ရာခိုင်နှုန်းက သက်ဆိုင်ရာအစိုးရအဖွဲ့တွေရဲ့ ဝန်ထမ်းတွေက လုပ်ဆောင်နေရတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ကနေ စစ်တွေမြို့ကို Volunnteer အနေနဲ့ရောက်ရှိနေတဲ့ စောသော်မိုးအယ်ကပြောပါတယ်။ 

အရင်ကာလတွေတုန်းက ပြည်သူတွေက အစိုးရဝန်ထမ်းတွေဆိုရင် ပြည်သူကို ကူညီပေးတဲ့သူတွေလို့မမြင်ဘဲ ဖိနှိပ်ဗိုလ်ကျတယ်ဆိုတဲ့အမြင်အတွက် ဒီကာလက အကျိုးရှိနိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပြီး အခုလိုလုပ်ကိုင်ဆောင်ရွက်ပေးတဲ့ အစိုးရဝန်ထမ်းတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ကျေးဇူးတင်ကြောင်းပြောဆိုသွားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဩဂုတ် ၂၈ ရက် မနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးကူစက်ခံရသူ ၆၂၈ ယောက်ရှိနေပြီး တစ်နိုင်ငံလုံးမှာ ရခိုပြည်နယ်က ရောဂါပိုး ကူးစက်ခံရမှုအများဆုံးဖြစ်ပြီး ကူးစက်ခံရသူ ၂၀၀ ကျော်ရှိပါတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013